part(10)

230 10 0
                                    

ဒီနေ့ korapat ရဲ့ live show အတွက် ကျွန်တော် သွားကြည့်ဖို့ ရိုက်ကွင်းကို စောစောသွားလိုက်ပြီး ကျွန်တော့်အခန်းတွေကို စောစောရိုက်လိုက် သည်။

" p Kaunght ကျွန်တော်ကို VIP လက်မှတ်လေး ဖြတ်ထားပေးပါအုံး "

"အမ လုပ်ထားလိုက်မယ် "

"ကျေးဇူးခင်ဗျ "

pawat က kaunght ကို ပြောပြီး ပြုံးပြလိုက်သည်။ အခုအခြေနေကို ကျွန်တော် သဘောကျတယ် ပုံမှန်ဘဝကိုပဲ ဖြတ်သန်းချင်တယ်လေ ၊
ပွဲစခါနီး နာရီဝက်အလိုမှာ ရောက်သွားတော့
လက်မှတ်ခံထားတဲ့နေရာမှာထိုင်လိုက်သည်။

ေဘးနားက လူတွေက ဓာတ်ပုံလာရိုက်တော့
Pawat ပြုံးပြလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။

ခဏကြာတော့ စင်ပေါ်က အသံအေးအေးက ထွက်လာပြီး သီချင်းကို ခံစားချက်အပြည့်နဲ့ ဆိုနေသည်၊ ထိုအရာက ကျွန်တော့် နှလုံးသားကို လှုပ်ခါသွားစေတယ် ၊

အချစ်လား ပုံမှန်လူတွေကော ကျွန်တော့်လိုပဲ ရင်ခုန်မလား။
ဒီနေ့က ကျွန်တော့်မွေးနေ့၊

ဒီနေ့ fan တွေက sms တွေ ပို့ပြီး ig နဲ့ socialmedia တွေမှာ birthday wish တွေ အများကြီးဆုတောင်းပေးထားတယ်
ဒါပေမယ့် korapat က အခုထိ ကျွန်တော်နဲ့ ပတ်သတ်တဲ့ post ဆို ဘာမှ မတွေ့ရပါ ။

ဝမ်းတောင််နည်းလာပြီ......။

ပွဲ ပြီးသွားတော့ korapat က pawat အနားကို လာသည်။ ဒါပေမယ့် korapat နဲ့အတူ wachirtwat ပါ ရှိနေတော့ pawat က
မျက်လုံးကို တည်ပြီးကြည့်လိုက်သည်။

ကျွန်တော် သဝန်မတိုပါ ဒါပေမယ့် သူ့ကို ပထမဆုံး ဂုဏ်ပြုပေးချင်တာ တစ်ခုပဲ။

" မင်းဒီမှာ ရှိနေတယ်လို့ p hnin က ပြောလို့"

"အင်း ဟုတ်တယ် ငါ ဒီမှာ မင်းကိုစောင့်နေတာ "

wachirtwat က pawat ကိုကြည့်ပြီး

" happy birthday pawat ရော့ ဒါမွေးနေ့လက်ဆောင် မင်း ဒီကိုလာမှာ သိိလို့ တစ်ခါတည်းယူလာတာ "

"ကျေးဇူးပဲ မင်းအချိန်ရရင် တစ်ခုခုသွားစားရအောင် "

"ရတယ် ငါပြန်ရတော့မယ် ငါ့အစ်ကိုဝမ်းကွဲက လာခေါ်နေပြီ နောက်မှတွေ့ကြမယ်"

I wanna be with you ( ငါမင်းနဲ့အတူရှိချင်တယ်)(completed)Where stories live. Discover now