part(31)

171 11 4
                                    

ညရဲ့အလှက အရမ်းကြည့်ကောင်းတယ် ကျွန်တော့်ဘေးက ကောင်လေးလည်း အရမ်းကြည့်ကောင်းတယ် ကျွန်တော်အမူးပြေဆေးသောက်ထားပေမယ့် အရှိန်က သိပ်မပြေသေးဘူးထင်တယ် ကျွန်တော် သူ့ကိုကြည့်လိုက်သည် သူ့ရဲ့ ပန်းရောင်သန်းနေတဲ့
နှတ်ခမ်းက အရမ်းဆွဲဆောင်မူ့ရှိသလိုပဲ
သူလည်း ကျွန်တော့် ကိုကြည့်နေသည်။

ဒီအခြေနေကိုဘယ်လိုပြောရမလဲ မုဆိုးက သားကောင်ကိုထောင်ရှောက်ထဲမှာ ရောက်နေတာကိုမြင်လိုက်ရသလိုမျိုးလား?

ရီဝေဝေ အနမ်းတွေက ရှေ့ဆက်လိုက်သည်။
korapat က ကျွန်တော့်ကိုဘာမှမပြောသလို ဘာမှမတုန့်ပြန်ဘူး ကျွန်တော့် စိတ်တိုင်းကြလုပ်ခွင့်ပေးထားတယ် !

"Pawat!"

ရှောင်ဖယ်သွားတဲ့ မျက်နှာ ကိုကြည့်ပြီး သူ့ရဲ့လည်တိုင်းကိုနမ်းလိုက်သည်။

ကျွန်တော် pawat ကိုကြည့်လိုက်သည်
သူမူးနေသေးတာလား သူ့ရဲ့အနမ်းတွေက
ကျွန်တော့်ကို ရစ်မူးစေသည်၊ သူမူးနေပြီး နမ်းတဲ့အနမ်းတွေကိုကျွန်တော်မကြိုက်ဘူး၊
ကျွန်တော်မျက်နှာကိုတစ်ဖက်လှည့်လိုက်တော့ pawat က ကျွန်တော့်ရဲ့ လည်တိုင်တွေကိုလာနမ်းနေသည်။

" မင်း မူးနေသေးတာလား"

pawat က ကျွန်တော့်ကို လာကြည့်ပြီး ခေါင်းခါလိုက်ကာ ကောင်းကင်ကိုပြန်ပြီး
ကြည့်နေသည် ။

" ငါအခုလိုမျိုးမင်းနဲ့အတူနေချင်တယ် မင်းပြောခဲ့သလိုပဲ အေးချမ်းတဲ့ဘဝနဲ့ နေချင်တယ် "

"မင်း အနုပညာ သမားဖြစ်ရတာ နောင်တရနေတာလား"

နောင်တရနေလားတဲ့ သေချာပေါက်မရဘူးလို့ပြောရမှာပဲ!

" တကယ်လို့ နောင်တ ရတယ်လို့ခံစားရ ရင်တောင် မင်းနဲ့ဆုံတွေ့ခဲ့တာကိုတွေးမိရင် နောင်တမရဘူး မင်းနဲ့ဆုံတွေ့အောင် ဖန်တီးပေးတဲ့ အနုပညာအလုပ်ကို ငါချစ်တယ်"

korapat ရဲ့အပြုံးတွေကို မြင်ရတာအရမ်းကောင်းတာပဲ ကျွန်တော် သူရယ်နေရင်သဘောကျတယ် သူ့အပြုံးတွေကိုသဘောကျတယ်။

"ငါ့ကို ဘယ်လောက်ထိ ချစ်လဲ"

"ဟက်! ပေါင်ပေ့ အရမ်းချစ်စရာကောင်း စကားပြောနေတာ ကြာလာရင် ကိုယ်စိတ်
မထိန်းနိုင်ဖြစ်နေတော့မှာ"

I wanna be with you ( ငါမင်းနဲ့အတူရှိချင်တယ်)(completed)Où les histoires vivent. Découvrez maintenant