" ဟင် အန်တီငိုထားတာလား.?"

မိုင်ရိုစ်က ပြောရင်း နွေ၏ ပါးပြင်ကိုတယုတယအုပ်ကိုင်ထားသည်။နွေမှာ ထိုသို့ မေးမည့်သူမရှိသည်မှာ ကြာပြီဖြစ်သဖြင့် ရင်တွင်း ခံစားချက်တို့ ပေါင်းဆုံနေသည်။

" တို့ မငိုဖြစ်တာ ကြာပြီကလေးရယ် အခု.. အခုတော့ အဟင့်"

မိုင်ရိုစ်မှာ နွေပါးပြင်ပေါ်ကျလာသည် မျက်ရည်စတွေကို သုတ်ပေးသည်။

"  ဖက်ထားပေးရမလား?"

မိုင်ရိုစ်က ထိုသို့ပြောတော့ နွေက ခေါင်းကို တဆတ်ဆတ်ညိမ့်ပြသည်။မိုင်ရိုစ်မှာ နွေ့ပခုံးကို ဖွဖွဆုပ်ကိုင်ပြီးရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ရင်ခွင်ကျယ်ထဲတွင် နွေ၏ အကောင်သေးသေးလေးမှာ မြုပ်နေတော့သည်။

နွေမှာ စိတ်ကျေနပ်သည်အထိ အားရအောင် ငိုပြီးမှ ရင်ခွင်ထဲမှ အတင်းရုန်းထွက်ကာ မျက်ရည်တို့ကို သုတ်နေသည်။သူ(မ)မှာ ရှက်ကိုးရှင်ကန်းဟန်ဖြင့် မိုင်ရိုစ်နှင့် အကြည့်ချင်းမဆုံပေ။

' အပျိုကြီးက ရှက်နေတာ'ဟု တွေးရင်း မိုင်ရိုစ်မှာ ရယ်ချင်ပက်ကျိပင်ဖြစ်လာသည်။

" ဘာဖြစ်လို့ တို့အခန်းထဲ ဝင်လာတာလဲ"

မိုင်ရိုစ်မှာ မျက်နှာပိုးကို သတ်လိုက်ပြီး

" ဗိုက်ဆာလို့"

" ဗိုက်ဆာတာများ ထမင်းစားခန်းထဲ သွားလေ"

မိုင်ရိုစ် မျက်နှာကို ငယ်ချလိုက်ပြီး

" အန်တီပါစားလေ.. တစ်ယောက်တည်း မစားချင်လို့"

အိမ်မှာ တစ်ယောက်တည်းစားနေကျဆိုသည်ကို မေ့ထားလိုက်ပြီး ထိုအမျိုးသမီးနှင့် နီးစပ်ခွင့်ရရန်အကြံ‌ပေါင်းစုံ ထုတ်လိုက်သည်။

" တို့ ဗိုက်မဆာသေးဘူး .."

နွေ၏ အပြောကြောင့် မိုင်ရိုစ်မျက်နှာကို မဲ့ပစ်လိုက်သည်။

" ဧည့်သည်ကို တစ်ယောက်တည်း စားခိုင်းတော့မယ်ပေါ့"

နွေမှာမတ်တပ်ရပ်လိုက်ပြီး

" လာ.. သွားစားမယ် .. "

'‌တအားဂျီကျတယ် ကလေးကျနေတာပဲ' ဆိုသည့် စကားကိုတော့ နွေမြန်မာလိုသာပြောလိုက်သည်။ဒါတောင် ဘာလဲဆိုပြီး လိုက်မေးနေသောကြောင့် စကားလမ်းကြောင်းလွှဲလိုက်ရသေးသည်။

လွမ်းမောစရာ ခေတ်ဟောင်းမြေ (လွမ်းမောစရာ ခေတ်ဟောင်းမြေ)Where stories live. Discover now