" Binn အခုဘယ်မှာလဲ "

" အကိုလေးသူ့ condoကိုပြန်သွားပါတယ်အကိုလေး မျက်နှာလည်းသိပ်မကောင်းပါဘူး "

" ငါအခုပြန်လာမယ် သေချာစောင့်ကြည့်ထားပေး သူဒီနေ့Barသွားရအုံးမှာ"

" ဟုတ်အကိုလေးစိတ်ချပါ "

ဆွန်းဟန်ဖုန်းချလိုက်ပြီးနောက် အခန်းပြင်ထွက်ခဲ့လိုက်တော့သည်။

" CEO လက်ကဒဏ်ရာကသွေးထွက်နေပါတယ် ကျွန်တော်ဆေးလိမ်း..."

" ကိုယ့်ကိုအခုချက်ချင်း လေယာဉ်လက်မှတ်စီစဉ်ပေးပါ "

" ခင်ဗျာ "

" မကြားဘူးလား အစောဆုံးဟာလိုချင်တယ်"

" ဒါပေမယ့် မနက်ဖြန်အစည်းအ‌ဝေးနဲ့ ညပွဲတစ်ခုတက်ဖို့ရှိပါတယ် "

" ပွဲအမှီပြန်လာမယ် အခုလက်မှတ်သာဖြတ်ပေး "

ဆွန်းဟန်၏ တည်တင်းနေသောမျက်နှာထားကြောင့် ဘာမှဆက်ပြောမလာတော့ဘဲ ဘေးမှထွက်ခွာသွားသည်။

ခဏအကြာတွင်တော့ လက်မှတ်ဝယ်လို့ပြီးပြီဖြစ်ကြောင်းပြောကာ သူကားမောင်ပို့မည်ဟုတောင်းဆိုသဖြင့် ဆွန်းဟန်ခေါင်းညိတ်လိုက်မိသည်။သို့သော် ကိုယ်တိုင်သာ ကားတက်မောင်းလာမိကာ ကိုယ်ကိုယ်တိုင်တောင်မှစိတ်မရှည်ချင်။ပိတ်နေသောလမ်းကြောင့်လည်း ဆွန်းဟန်ဒေါသထွက်လာကာ အပြစ်မရှိသည့်ကားကိုပဲ ဒေါသတွေပုံချမိသည်။ဘေးမှာလူရှိသည်ကိုပင်မေ့လျော့နေသည်အထိ။

ကံကောင်းစွာဖြင့် လေယာဉ်မထွက်ခင် မိနစ်ပိုင်းအလိုမှရောက်ရှိသွားပြီ 6နာရီ‌ကျော်ကြာစီးနှင်းရမည့်ခရီးသို့စထွက်လာခဲ့မိသည်။

ဆွန်းဟန် တစ်ချိန်လုံးမျက်မှောင်ကြုတ်နေကာ အတွင်းရေးမှုဆောပို့ပေးသည့် ပုံကိုသာထပ်ခါတစ်လဲလဲကြည့်နေမိသည်။လက်သီးကိုလည်း ကျစ်နေအောင်‌ဆုတ်ထားသည်မို့ ခုနရထားသောဒဏ်ရာမှသွေးကစိမ့်ထွက်လာလေသည်။

ဆွန်းဟန်ဘာမှမတွေးချင်သည်မို့ မျက်လုံးမှတ်ကာအိမ်ပျော်အောင်ကြိုးစားမိသည်။သို့သော် အရာမရောက်။ခေါင်းထဲတွင် ထို့အမျိုးသမီးဖက်ထားသော Binn၏ပုံရိပ်လွှာသာကြီးစိုးနေသည်။ တကယ်ကို အဲ့အမျိုးသမီးက ဘယ်သူများလဲ။

He is MineWhere stories live. Discover now