"ဟေ့ကောင် သူက ယောင်္ကျားလေးလေ ဘလိုလုပ်ပြီးလှရတာလဲ ချောတာမဟုတ်ဘူးလား"

"မင်းက အလှတရားကိုမခံစားတက်တဲ့ကောင်ပဲ အဲ့ဒါကချောတာထက်ပိုတဲ့ လှတာကွ လှတာ ယောင်္ကျားလေးတွေမှာလည်း လှတယ်ဆိုတာရှိတယ်ကွ ယောင်္ကျားလေးတွေလှရင် မိန်းကလေးလိုက်မမှီဘူး ရှင်းလား"

"ဟေ အဲ့လိုလား"

"အေးဆို"

ရှောင်းကျန့် အားလုံးရဲ့စကားသံများကို ခပ်သဲ့သဲ့ကြားကာ ရိုဟန်ရဲ့နားအနားကိုကပ်၍

"ရိုဟန် ငါဖြစ်ပါ့မလား ငါရင်တုန်နေတယ်"

"ဖြစ်ပါတယ်ရှောင်းကျန့်ရ ငါတစ်ယောက်လူံးရှိတာပဲ လာ ပွဲထဲသွားရအောင်"

"အင်း"

ရိပေါ် ကားထဲမှထွက်လာတဲ့ရှောင်းကျန့်ကိုမြင်ကာ ပါးစပ်အဟောင်းသားဖြင့်ကြည့်လျှက်

(ဒါ...ဒါ ရှောင်းကျန့်ပဲ! ဘယ်လိုတွေဖြစ်ကုန်တာလဲ ရှောင်းကျန့်က ဘယ်လိုလုပ်ပြီး ဒီလိုပုံစံပြောင်းသွားရတာလဲ? နောက်ပြီး ဘာလို့ရိုဟန်နဲ့မှလဲ?)

ရိပေါ်က အတွေးတွေနဲ့မေးခွန်းတွေများနေသလောက် ဝမ်ချင်ကတော့ ပျော်သွားကာ ရှောင်းကျန့်တို့အနားသွား၍

"ရှောင်းကျန့်  ရှင်ကရှောင်းကျန့်မလား?"

"ဟုတ်ပါတယ် ဝမ်ချင် ဘာဖြစ်လို့လဲ"

"ရှောင်းကျန့် ကျွန်မဖြင့်လေ လုံးဝတောင်မမှတ်မိဘူးဖြစ်သွားတာ အရမ်းကိုပြောင်းလဲသွားတယ်ရှောင်းကျန့် ရှင်အရမ်းချောတယ် မဟုတ်ဘူး အရမ်းလှတာ"

"ဟုတ်ကဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ် ရိုဟန်ရေ"

"အင်း ရှောင်းကျန့်"

"ငါထိုင်ချင်တယ်"

"အင်းအင်း ဝမ်ချင် ငါတို့ကိုနေရာချပေးဦး"

"အော် အေးအေး လာလာ"

ဝမ်ချင်က စားပွဲဝိုင်းတစ်ဝိုင်းကိုခေါ်သွားကာ

"ဒီမှာထိုင်ကြ"

ရှောင်းကျန့်ထိုင်မယ့်ခုံကို ရိုဟန်က ဆွဲထုတ်ပေးပြီး

🌸More Than Friends(သူငယ်ချင်းထက်ပိုသော)🌸[Complete]Where stories live. Discover now