"အွန်....ဦး...ဦးစစ်...ဘာလုပ်မလို့လဲ"

ကုတင်ပေါ်ထိုင်နေတဲ့ ပန့်
ပခုံးလေးနှစ်ဖက်ကို ဖိကိုင်
လာတဲ့ ဦးစစ်ရဲ့လက်တို့ကြောင့်
ပန့်မှာ လန့်လန့်နဲ့ ပြာပြာသလဲ
မေးလိုက်မိ၏။

ဦးစစ်ကတော့
ကုတင်ပေါ်ထိုင်နေသည့်
ပန့်ပခုံးတို့ကို ကိုင်ရင်း
ခါးကိုင်းနေသော အနေအထားဖြင့်
ပန့်နဲ့မျက်နှာချင်းဆိုင်ကာ
ပန့်မျက်နှာလေးကို စိုက်
ကြည့်နေလေသည်။


မျက်လုံးချင်းဆုံနေမိတော့
ပန့် နှလုံးခုန်သံက အဆက်မပြတ်ပင်။
ပန့်ရင်ဘတ်က ပေါက်ထွက်တော့
မလို ခံစားနေရပြီး ဦးစစ်အကြည့်
တို့အောက်မှာ ကျရူံးနေမိ၏။


"လက်ကနာနေသေးလား..."

ညင်သာသော အသံ။
လက်ထပ်ပြီးတည်းက ဦးစစ်ဆီက
အခုလို ဂရုစိုက်မှုမျိုး မခံရတာကြာ
လေပြီမို့ ပန်မျက်နှာလေးပျက်သွားကာ
ခေါင်းလေးသာ ငြိမ့်ပြမိသည်။

သူမေးလိုက်မှ မျက်ရည်လေးဝဲကာ
ခေါင်းလေးငုံ့သွားတာမြင်ရတော့
သူ့ရင်ထဲမကောင်းဖြစ်သွားရသည်။
ထို့ကြောင့် သူမ ပခုံးလေးတွေကို
လွှတ်ပေးလိုက်ပြီး ကုတင်ပေါ်
ထိုင်ချရင်း....

"ကိုယ့်ကိုလက်ပေး...."

လက်ဖဝါးဖြန့်ပြီး ပန့်လက်လေးကို
လှမ်းတောင်းနေတဲ့ ဦးစစ်မျက်နှာကို
ပန်မော့မကြည့်ဘဲ ဦးစစ်လက်ကိုသာ
ပန်စိုက်ကြည့်နေမိသည်။

လက်ကလေး
တင်ဖို့ဖြေးဖြေးချင်း ပြင်လိုက်ပြီး
ဦးစစ်လက်ပေါ် ပန့်လက်လေး
ရောက်သွားသည်ထိ ပန်စိတ်ထဲမှာ
ဦးစစ်ပန့်အပေါ်ကောင်းနေသည်ကို
မယုံရဲဖြစ်နေမိသည်။

"လက်ကတော်တော်ရဲနေတာပဲ...ဖူး..."

ပြောပြောဆိုဆိုနဲ့ ပန့်လက်ကလေးကို
လေလေးဖြင့် တယုတယလေး မှုတ်
ပေးနေတဲ့ ဦးစစ်မျက်နှာကို ထိုအချိန်မှ
ပန်မော့ကြည့်မိသည်သာ။

အချိန်အတန်ကြာအောင်
ဦးစစ်က နူတ်ခမ်းထူထူလေးတွေနဲ့
ပန့်လက်ကလေးကို မှုတ်ပေးနေပြီးမှ...

"အခုနည်းနည်း သက်သာသွားပြီမလား"

"ဟုတ်"

တရားမဝင်ဇနီးWhere stories live. Discover now