"ငါကဘာလို့ရှက်ရမှာလဲ...
ရှက်ရမှာကနင်....ငါ့ဖိနပ်ဖိုး
မလျော်နိုင်လို့ ကြောက်ကန်ကန်
မနေနဲ့..."

"ဟုတ်တယ် ပွင့်ညှာစီး
ထားတဲ့ဖိနပ်က တကယ်ကို
ဈေးကြီးတာ"

"အေးဆို...ဘယ်လိုလုပ်
ပွင့်ညှာ ညာတာဖြစ်နိုင်မှာလဲ
ဟိုအိမ်ဖော်မက သူ့နေရာသူမသိတာ
နေမယ်"

"ဟုတ်တယ်..ဟုတ်တယ်"

ပွင့်ညှာနဲ့ပါလာတဲ့ မိန်းကလေး
၂ယောက်ကလည်း ဝတ်စားဆင်ယင်မှု
ကို ကြည့်၍ ပန့်ကိုအိမ်ဖော်ဟုသာ
ထင်နေကြသည်။ ပွင့်ညှာကတော့
အောင်နိုင်သူ အပြုံးပြုံးလျက်....

"ဒါပေမဲ့ နင်ကငါ့
သူငယ်ချင်းဖြစ်ခဲ့ဖူးတဲ့ မျက်နှာ
ထောက်ပြီး....နင်ဒူးထောက်ပြီး
ငါ့ဖိနပ်ကို သန့်ရှင်းပေးရင်
ငါနင့်ကိုခွင့်လွှတ်ပေးမယ်..."

"ငါကဘာလို့လုပ်ရမှာလဲ...
နင်စိတ်ကူးယဉ်မနေနဲ့"

ပန့်စကားလေးအဆုံး
ဒေါ်ဖြူက ပန့်အနားလျှောက်လာပြီး
တိုးတိုးကလေးပြောလာသည်က....

"နင်ငါ့သမီးခိုင်းတာကို မလုပ်ရင်....
သူဋ္ဌေးကိုနင်စကားနားမထောင်ဘူးလို့
ဘာဆိုဘာမှမလုပ်ဘူးလို့ပြောလိုက်ရင်...
ပြီးတော့ နင့်ဗိုက်ထဲက ကလေးရဲ့
ဖခင်နဲ့ နင်ချိန်းတွေ့နေတယ်လို့ ပြောလိုက်ရင်...
သူ႒ေးက နင့္ကိုယုံမယ္ထင္လား...
ငါ့ကိုယုံမယ္ထင္လား..."

ရုတ်တရက် ကြားလိုက်ရသည့်စကားက
ပန့်အတွက်တော့ နားဝင်ချိုမနေခဲ့ပါ။

ဟုတ်ပါရဲ့...
ပန်ပြောလည်း ဦးစစ်ကယုံမတဲ့လား....
ဦးစစ်ရယ်....
ပန်အခု ဦးစစ်ကြောင့် အောက်ကျခံ
ရဦးမယ်....

အတွေးကလေးနဲ့ ဝဲတက်လာတဲ့
မျက်ရည်တွေကို မနည်းထိန်းထားရသည်။
နီမြန်းနေတဲ့မျက်လုံးတွေက
နာကျင်မှုကို အံ့တုထားမှန်း
သိသာလွန်းလှသည်။

"ဟွန့်....ဘယ်လိုလဲ...
အဆင်သင့်ဖြစ်ရင် လာသုတ်ပေးလို့
ရပြီနော်..."

စကားစပြောလာတဲ့ ပွင့်ညှာကို
ကြည့်ရင်း အံကိုကြိတ်ပစ်လိုက်ရသည်။
ပွင့်ညှာအနားလျှောက်သွားချိန်
ပွင့်ညှာက ဒေါက်မြင့်အနက်ရောင်
လေးစီးထားသော ညာဘက်
ခြေထောက်ကို ရှေ့နည်းနည်း
တိုးထုတ်ပေးလာသဖြင့် ပန်
ဖြေးဖြေးချင်းထိုင်ချလိုက်သည်။

တရားမဝင်ဇနီးWhere stories live. Discover now