အပိုင်း(၈)

Start from the beginning
                                    

စနစ်က ရှင်းပြသည်။
"လက်ခံသူ ဆိုင်ရှင်က အခုလို မေးခွန်းမျိုး မေးခွင့် မရှိသေးပါဘူး။ Level1ကို ရောက်မှပဲ အသေးစိတ် ရှင်းပြပါမယ်"

"ကောင်းပြီ‌လေ။ ထားလိုက်တော့။ အိမ်ငှားခတို့ တခြားပစ္စည်းဝယ်ရတဲ့ ကုန်ကျစရိတ်တို့ကို ငါ့ပိုက်ဆံအိတ်ထဲက စိုက်ရတာမှ မဟုတ်တာလေ။ ၁၈.၈ယွမ်ကလုံး၀အမြတ်ငွေသတ်သတ်ပဲ"

ယွမ်ကျိုးက စားသောက်ဆိုင်ကို အသေးစိတ် ကြည့်ရှုကာ တွေးကြံလိုက်သည်။

“နေပါဦး။ ဒါနဲ့ ထိုင်ခုံက ၈ခုံတည်းရှိရတာလဲ။ စနစ်ရေ မင်းတို့မှာ  ထိုင်ခုံတွေ မရှိတော့ဘူးလား”

ကွေးနေသောစားပွဲရှည်နားတွင်  ထိုင်ခုံ၈ခုံ မှလွဲ၍ စား‌သောက်ဆိုင်
တစ်ဆိုင်လုံးကို ပန်းအိုးစင်များက နေရာယူထားသည်။

လုပ်ငန်း တိုးတက်ရန်နှင့်
ဧည့်သည်များကို ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်ရန် စားပွဲခုံ နှင့် ထိုင်ခုံများများ ခင်းကျင်းထားသင့်သည်။

စနစ်က ရှင်းပြသည်။
“လက်ခံသူ ဆိုင်ရှင်ရဲ့ Levelအဆင့်က  လောလောဆယ် အဆင့်နိမ့်လွန်းနေပါတယ်။ ဒါကြောင့်မို့  ထိုင်ခုံ၈ခုံ ပါတဲ့ သော့ကိုပဲ ဖွင့်နိုင်ပါသေးတယ်"

စနစ်က အားမနာစတမ်း ရှင်းပြနေ၍ ယွမ်ကျိုးက  တစ်ယောက်ယောက်ကို ထိုးနှက်ချင်သော ဆန္ဒများ ဖြစ်ပေါ်လာသည်။

“ငါ့ဘာသာငါ ထိုင်ခုံတွေ ထပ်ဝယ်လို့ရတယ်မလား။ ဟိုနားမှာ ထိုင်ခုံ  နှစ်လုံး ထပ်ထည့်လို့ရမယ်ထင်တယ်”

စနစ်က ရှင်းပြသည်။
"စနစ်က ထောက်ပံ့ထားတဲ့ ထိုင်ခုံမှာ မထိုင်တဲ့ ဧည့်သည်တွေကို အစားအသောက် မချပေးပါဘူး"

“ကောင်းပြီ၊ အဆင်ပြေတယ်။ မင်းက သူဌေးပဲ။ မင်း လုပ်ချင်ရာသာ လုပ်စမ်း"

ယွမ်ကျိုးက စနစ်ကို မကျေမနပ် ပြောနေစဉ် တာဝန်အသစ်က သူ့စိတ်ထဲ ပေါ်လာသည်။

[တာဝန် ၁- လက်ခံသူဆိုင်ရှင်က  နတ်ဘုရားအဆင့်ကြက်ဥထမင်းကြော်ပွဲ ၁၀၀ကို  ၇ရက်အတွင်း ရောင်းချရမယ်။ အချိန်ကိုအခုကစပြီးတော့ ရေတွက်ပါမယ်]

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now