ကိုယ်ပြောတာတောင်မဆုံးသေးဘူး
ပုံတိုင်းကဘဲပြောနေတာကြောင့် ကိုယ့်မှာကြောင်ကြည့်နေမိ၏ သူလည်းရွီးတက်တာကို ။ဘာဘဲဖြစ်ဖြစ်ကျေးဇူးတော့တင်ပါသည်။

"တွေ့လား သားကြက်တိုက်တာအလကားတိုက်တာမဟုတ်ဘူး ပြီးတော့သားကဘာမှသုံးစားမရတဲသူမဟုတ်ဘူး "

ဖအေရှေ့မှာ လက်မတစ်ထောင်ထောင်နဲ့ပြောနေတာများတကယ့်ကိုချစ်စရာ။
ကိုယ်ပြောလိုက်တဲ့စကားတစ်ခုကြောင့် ဒီကောင်လေးပြုံးပျော်သွားရင်ကျေနပ်ပါသည်။

"အဟွတ် အဟွတ် "

"ကိုယ့်ကိုပြောစရာရှိလို့လား"

ဂရမ်တွေအကုန်ချေပြီး စာချုပ်ချုပ်ပြီးတဲ့အခါမှာတော့ ပုံတိုင်းရဲ့အပေါင်ဆိုင်က်ိုဘဲခြေဦးတည့်လာကြ၏

"အခုနက ဘာလို့လိမ်ပြောတာလဲ "

"ကိုယ်မပြောရင် မင်းပြောတော့မှာလေ"

"အဲ့တာမင်းနဲ့ဆိုင်လို့လား "

"အခုတော့မဆိုင်သေးပါဘူး ဒါပေမယ့် မင်းလိမ်တော့မှာမလား မင်းကကိုယ့်အဖေကိုလိမ်တော့မင်းကငရဲရမယ်လေ ကိုယ်ကကျ ကိုယ့်အဖေမဟုတ်တော့ လိမ်လို့ရပါတယ်"

"ဘာဘဲဖြစ်ဖြစ်ပါ ကျေးဇူးဘဲ "

"အင်း ကိုယ်လဲမင်းကိုအလကားလူလို့ပြောလာရင်ကိုယ်မကြိုက်ဘူး..တကယ်တော့မင်းကအလကားမှမဟုတ်ဘဲ အချိန်မတန်သေးလို့မကြိုးစားသေးတာမလား မင်းကရည်မှန်းချက်ကြီးမားတဲ့သူတစ်ယောက်ဘဲ ကိုယ်မင်းကိုယုံတာပေါ့ "

"မင်းကတော့ကွာ လူကိုရင်ခုန်အောင်လို့ "

"ကိုယ်ကိုရင်ခုန်တာပေါ့ "

"မခုန်ပါဘူး "

"ခုနက ခုန်တယ်ဆို "

"အဟွတ်ဟွတ်တော်တော့နော် "

"ဟုတ်ပါပြီကွာ "

ရှက်သလိုဟန်နဲ့ ဟိုဘက်လှည့်လှည့်သွားတဲ့ကောင်လေးရဲ့အကြည့်တွေရဲ့ရှေ့မှာလိုက်ပိတ်နေပြီးမှ

"တကယ်လို့ ကိုယ့်ကိုရင်ခုန်ချင်တယ်လို့ စိတ်ချလက်ချရင်ခုန်လို့ရတယ်နော်
ကိုယ်က...."

သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)Where stories live. Discover now