အပိုင်း(၇)

ابدأ من البداية
                                    

နေ့စဉ် စားသုံးလေ့ရှိသော ဆန် အမျိုးအစားနှင့် မတူညီ၍ လက်တစ်ဆုပ်စာယူကာ အနီးကပ် ကြည့်ရှုသည်။

ဆန်က အရောင်အဆင်း လှပပြီး ဆန်စေ့တိုင်းက အရွယ်အစား တူညီသည်။ မွှေးကြိုင်သော ရနံ့က စားသုံးသူ၏ စိတ်အာရုံကို ဖမ်းစားနိုင်စွမ်း ရှိသည်။

“စနစ်က အကောင်းဆုံးပစ္စည်းတွေကို ထောက်ပံ့ပေးထားပုံပဲ"

“ဒင်”

၃၀စက္ကန့်ခန့်ကြာပြီး‌နောက် ထမင်းကျက်သွားသည်။

"မြန်လှချည်လား။ ဒါက  စိတ်ကူးယဉ် သိပ္ပံနည်းပညာ အမျိုးအစားလား"
ယွမ်ကျိုးက တအံ့တသြဖြင့် ထမင်းပေါင်းအိုးကို ဖွင့်လိုက်သည်။ ပေါင်းအိုးမှ အပူငွေ့များ ထွက်ပေါ်လာခြင်း မရှိဘဲ မွှေးကြိုင်သော ထမင်းရနံ့က သူ့နှာခေါင်းထဲ ဝင်ရောက်လာသည်။

"တကယ်မိုက်တယ်ကွာ”
ယွမ်ကျိုးက ယခင်တုန်းက ဤမျှလောက် မွှေးကြိုင်သော ထမင်းရနံ့ကို မရဖူး၍ ချီးမွမ်းခြင်းဖြစ်သည်။
"ဒီနည်းပညာက တကယ့်ကို အံ့ဩစရာကောင်းတာပဲ"

ယွမ်ကျိုးက ငတုံးငအ မဟုတ်ပေ။ ကြက်ဥထမင်းကြော်ကို တတ်နိုင်သလောက် လျင်မြန်စွာ ချက်ပြုတ်ရန် စနစ်က ကူညီပံ့ပိုးမှန်း တစ်ချက်ကြည့်ရုံဖြင့် သဘောပေါက်သည်။

ယွမ်ကျိုးက အသက်ပြင်းပြင်းရှူကာ ကြက်ဥနှစ်လုံးကို ထုတ်လိုက်ပြီး နှင်းတမျှ ဖြူဖွေးသော ပန်းကန်လုံးထဲ ခွဲထည့်လိုက်သည်။
 
ကြက်ဥအနှစ်က ရွှေဝါရောင် အဆင်းရှိပြီး ကြည်လင်တောက်ပသော ကြက်ဥအကာ နှင့် နှိုင်းယှဉ်ကြည့်လျှင် သိသိသာသာ ကွာခြားမှုရှိသည်။

သာမာန် ကြက်ဥ၏စိတ်အနှောင့်အယှက် ဖြစ်သော အနံ့နှင့် ခြားနားသော ရနံ့ ရှိသည်။

ကြက်ဥနှင့် ဆန် နှစ်မျိုးစလုံးက ထိပ်တန်းအဆင့် သတ်မှတ်ချက်ရှိသော ကုန်ပစ္စည်းများ ဖြစ်၍ သာမန်အဆင့်ဟု မသတ်မှတ်နိုင်ချေ။

ထိုစဉ်အခိုက်အတန့် ယွမ်ကျိုး၏အပြုအမူက တိမ်များ မြောပါ သကဲ့သို့ ရေများ စီးဆင်းနေသကဲ့သို့ သဘာဝဆန်ပြီး ချောမွေ့နေသည်။ သူ့ခန္ဓာကိုယ်ကို အချက်အပြုတ်နတ်ဘုရား ဝင်ရောက် ပူးကပ်နေသည်ဟုပင် ထင်ရသည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)حيث تعيش القصص. اكتشف الآن