အခန်း6

344 56 2
                                    

အခန်း 6

မူလတန်းကျောင်း ပထမတန်း ကလေးများနေ့တွင် ‌နင်အာသည်  ပြဇာတ်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

ထိုပြဇာတ်မှာ စနိုးဝှိုက်ပြဇာတ်ကို ဆီလျော်အောင် ဘာသာပြန်ထားကာ ဇာတ်ညွှန်းရေးထားခြင်းသာဖြစ်သည်။ မင်းသမီးလေးသည် ချောမောလှပသော်လည်း မိထွေး၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသည်။သူမတောသို့ ထွက်ပြေးပြီးနောက် လူပုလေး ခုနစ်ကောင်နှင့် မတွေ့ဆုံဘဲ ယုန်ဖြူလေးကို တွေ့ခဲ့ရသည်။
ယုန်ဖြူလေးသည် သူမအား တောအုပ်ထဲရှိ သူငယ်ချင်းများစွာနှင့် တွေ့ဆုံရန် ခေါ်ဆောင်သွားသည်။ နောက်ဆုံးမှာတော့ မင်းသားလေးသည် တောထဲသို့ ဖြတ်သွားကာ မင်းသမီးလေးအား တွေ့ဆုံပြီးနောက် ကယ်တင်ခဲ့သည်။ထို့နောက် မင်းသမီး‌လေးနှင့်အတူ သက်ထက်ဆုံးပျော်ရွှင်စွာ နေထိုင်ခဲ့လေသတည်း။

‌နင်အာ က ယုန်ဖြူလေးအဖြစ်ပါဝင်သရုပ်ဆောင်  ထားသည်။

ရှောင်ပေါ်ဟန် ကတော့ မင်းသားအဖြစ် သရုပ်ဆောင်ရသည်ပင်။

ထိုအချိန်တွင် ‌နင်အာ သည် ဖြူစင်သည့် ယုန်သေးသေးလေးတစ်ကောင်ကဲ့သို့ အတုယူကာ လက်နှစ်ဖက်‌ကို ခေါင်းပေါ်တင်ကာ လက်နှစ်ချောင်းအား ခေါင်းပေါ်ထောင်ပြခဲ့သည်။
ထိုမင်းသမီးလေးကို လမ်းပြရန်အတွက်ယုန်တစ်ကောင်ကဲ့သို့  ခုန်ပေါက်
သရုပ်ဆောင်သည်ကို စင်အောက်ရှိ ဗီဒီယိုရိုက်ကူး နေခဲ့သော အားပေးသူပရိသတ်မိဘများက သူ့အားအထူးသဘောကျနှစ်သက်စေခဲ့၏။

ရှောင်ပေါ်ဟန် ရဲ့ မင်းသားလေး ဇာတ်‌‌ ကောင် က ချောမောကာ ခပ်လန်းလန်းဖြစ်သဖြင့် အတန်းထဲရှိ ကောင်မလေးတော်တော်များများက သူ့အား သဘောကျခဲ့သည်။
သူတို့အားလုံးသည် ကလေးများဖြစ်ကြ၍ နမ်းရှုံ့သည့်ဇာတ်ကွက်မရှိကြ‌ ပေ။
သို့သော်လည်း ရှောင်ပေါ်ဟန် က မင်းသမီးလေးကို ပွေ့ဖက်နေလျက်ရှိကာ ‌နင်အာ က မင်းသမီး၏ဘေးတွင် ထိုင်နေလေ၏။

ဤခံစားချက်သည် အလွန်ထူးဆန်းလှသည်။ စင်မြင့်မှလူများသည် မင်းသားနှင့် မင်းသမီးကိုသာ ကြည့်လျက် လက်ခုပ်တီးကြနေပြီး နားရွက်ထောင်ထားသော ယုန်လေးသည် ၎င်းတို့ဘေးတွင်ငုတ်တုပ်လေး ထိုင်နေသည်။
‌နင်အာ တဖြည်းဖြည်းဝမ်းနည်းလာ၏။ထိုအချိန်က ရှောင်ပေါ်ဟန်အားချစ်သည်ကြိုက်သည် နားမလည်သေးသော်လည်း သူခေါင်းမော့ကြည့်လိုက်သောအခါတွင်လည်း ရှောင်ပေါ်ဟန်က တခြားမိန်းကလေးတစ်ယောက်အား ပွေ့ချီထားသောအခါ သူပို၍ပင်ဝမ်းနည်းသွား၏။

A LITTLE LOVE SONG {Complete} Where stories live. Discover now