"ရိပေါ်က မင်းကိုပွဲတက်ဖို့အကြောင်း ပြောလာသေးလို့လား"

ရိုဟန်မေးမှ ရှောင်းကျန့်မှာ ဖြေစရာမရှိ။ ဟုတ်သည်လေ အခုချိန်ထိ ရိပေါ်က သူနဲ့အတူ ပွဲသွားဖို့အကြောင်းကို မပြောသေးပေ

"ငါ့ကို ညကြရင် သူပြောမှာပေါ့"

"အင်းပါ နတ်သားလေးဖြစ်အောင် ငါကပြောင်းလဲပြင်ဆင်ပေးခဲ့တာကို အခုတော့ အငြင်းခံရပြီဆိုတော့..."

"အာ....ရိုဟန်ကလဲ..."

"ဟဟဟ ငါကစတာပါကွာ မင်းဘယ်သူနဲ့ပွဲတက်တက် ငါ့သူငယ်ချင်းက အားလုံးထဲမှာ အချောဆုံး အလှဆုံးဖြစ်နေပြီပဲလေ ကဲ လာ အိမ်ပြန်ကြမယ်"

ရှောင်းကျန့်ကို ပုခုံးဖက်ကာ ခေါ်သွားတဲ့ရိုဟန် တည်နေရာက ရှောင်းအိမ်ဆီသို့

..................................................................................

~တီ တီ တီး~

အိမ်ရှေ့မှ ကားဟွန်းသံကြောင့် အားကျိုတံခါးဖွင့်ပေးတော့ ရိုဟန် ကားကိုခြံထဲသို့မောင်းကာ ရပ်လိုက်သည်။ ရှောင်းမားက ထွက်လာပြီး

"သားရိုဟန် ပြန်လာကြပြီလား"

"ဟုတ် အန်တီ"

"ဒါနဲ့ အန်တီ့သားလေးရော သားရိုဟန်"

"ရှောင်းကျန့်က ကားထဲမှာအန်တီ ရှောင်းကျန့် ထွက်လာခဲ့လေ ဘာလုပ်နေတာလဲ ကားထဲမှာ"

ရှောင်းကျန့် သူ့မားကို သူ့ရဲ့ပြောင်းလဲသွားတဲ့ပုံစံကိုပြဖို့အတွက် ရင်တုန်နေသည်။ ကားထဲမှထွက်‌ကာ ရှောင်းမားအနားကိုသွားတော့ ရှောင်းမားတစ်ယောက် မျက်လုံးအစုံတို့ပြူးကျယ်သွားကာ

"ဟယ် သားလေး ချောလိုက်တာကွယ် ဘယ်လိုလုပ်ဒီပုံစံဖြစ်သွားတာတုန်း"

"ရိုဟန်ပေါ့ သားကို အလှပြင်ဆိုင်ခေါ်သွားတာလေ"

"ကျေးဇူးတင်လိုက်တာသားရိုဟန်ရယ် အန်တီ့သားလေးကို ဒီလိုချောချောလေးဖြစ်အောင် လုပ်ပေးလို့"

"ဘယ်ကသာ ကျွန်တော်ဘာမှမလုပ်ပေးလိုက်ဘူး ရှောင်းကျန့်ကို မျက်မှန်လေးချွတ်ပြီး မိတ်ကပ်လေးပါရုံတင်ပေးလိုက်တာပဲရှိတယ် ရှောင်းကျန့်ကိုက နဂိုချောပြီးသားမို့ ဒီလိုမျက်နှာလေးထွက်လာတာပါအန်တီရဲ့"

🌸More Than Friends(သူငယ်ချင်းထက်ပိုသော)🌸[Complete]Where stories live. Discover now