Part-24

414 52 8
                                    

ဒီနေ့ဟာ ‌မောင်နဲ့ငါရဲ့ ချစ်သူသက်တမ်း ၃လပြည့်ဖို့။၁ရက်အလိုပင်..။
_______________________

နှိုးစက်နာရီသံကြောင့်မောင်ရော ငါပါ
တစ်ပြိုင်နက်ထဲ နိုးလာသည်..။ မနက်နိုးတိုင်း
မောင့်မျက်နှာ‌လေးကို တွေ့ရတာ ကံကောင်းခြင်းအလားပင်..။ ငါမောင့်ကို ပိုင်ဆိုင်ခွင့် ရခဲ့ပြီလေ..။

" မောနင်းမောင်.."

" မောနင်းမောင့်စတော့်ဘယ်ရီလေး.."

မောင်သည် ငါ့ဆံနွယ်လေးတွေဟာ နူးညံ့စွာဖွပြီး
ပြောလာသည်..။ မောင်သည်
ပါးပြင်ပေါ်ကို အနမ်းတစ်ပွင့် ခြွေလာခဲ့သည်..။
ဘယ်တော့မှ ရိုးသွားမှာမဟုတ်တဲ့ နူးညံ့တဲ့
အနမ်းကိုပေါ့..။

ထို့်နောက် အိပ်ယာထဲကနေ ထပြီး ရေချိုးခန်းထဲ
ဝင်ပြီး တစ်ကိုယ်ရေ သန့်ရှင်းရေးကို လုပ်ရတော့သည်..။
‌မောင်ကတော့ စောစောစီးစီးပင် ဝရန်တာထွက်ပြီး
ဆေးလိပ်သောက်နေပြီလေ..။

ငါရေချိုးခန်းထဲကထွက်လာပြီး အဝတ်အစား
လဲပြီးတဲ့အထိကို မောင့်ဟာ
ဝရန်တာမှာ ဆေးလိပ်သောက်နေဆဲပင်..။
မောင့်လက်ထဲက ဆေးလိပ်ကို ဆွဲယူလိုက်ပြီး
ရင်ဘတ်ကို တစ်ချက်ပင် ရိုက်လိုက်တော့
အူကြောင်ကြောင်‌မျက်လုံးလေးတွေနဲ့
လှည့်ကြည့်လာသည်..။

" ကြာနေပြီမလား တော်တော့ သွားရေသွားချိုး.."

" ဟုတ်ပါပြီဗျာ.."

အသည်းယားအောင်ပြောပြီး မောင်သည်
ရေချိုးခန်းထဲဝင်သွားလေသည်..။ မောင်ရေသွား
ချိုးသည်နှင့် ငါလည်း မနက်စာအား ‌ပြင်ဆင်ရတော့သည်..။ စစပိုင်းလက္ခဏာပြတာကြောင့်
ငါဘာစားစား စားလို့မဝင်ခဲ့ဘူး ဒါပေမယ့်
သုံး လေးရက်လောက် ကြာတော့ ပုံမှန်တိုင်း
ပြန်ဖြစ်လာခဲ့သည်..။ နဂိုချပ်လှပ်နေတဲ့
ဗိုက်ကလေးဟာလည်း အနည်းငယ်
ပူထွက်လာသည်..။ မောင့်ကတော့
သတိမထားမိသေးပါ..။

မနက်စာလုပ်နေတုန်းပင် ငါ့ဆီ ဖုန်းဝင်လာခဲ့သည်..။
ဘယ်သူလဲဆိုတော့ အဘိုးပင်..။ဆက်လေ့ဆက်ထ
မရှိတဲ့ အဘိုးဖြစ်သူဆက်တာမို့ ငါတွန့်ဆုတ်မနေဘဲ
ဖုန်းအားကိုင်လိုက်သည်..။

Sᴛʀᴀᴡʙᴇʀʀʏ ᴀɴᴅ Cɪɢᴀʀᴇᴛᴛᴇs { COMPLETED}Where stories live. Discover now