I was there

12.2K 54 3
                                    

လွန်ခဲ့သည့် တနင်္ဂနွေနေ့က မန္တလေးမှ
စိမ်း ၏ သူငယ်ချင်းနှစ်ယောက်
အိမ်ကို အလည်လာတည်းခိုကြသည်။
သူငယ်ချင်းနှစ်ယောက်ဆိုသော်လည်း
တစ်ယောက်က မိန်းကလေး၊ တစ်ယောက်မှာ
ယောက်ျားလေး ဖြစ်ပြီး လက်ထပ်ထားသည်မှာ
သိပ်မကြာသေးသော ပူပူနွေးနွေး
ဇနှီးမောင်နှံများ ဖြစ်သည်။

ကောင်မလေးနာမည်က နေခြည် ဖြစ်ပြီး
သူမ အမျိုးသား နာမည်ကတော့ 
သန့်စင်‌နိုင် ဟုခေါ်သည်။
စိမ်း နာမည်အရင်းမှာတော့ စိမ်းမြသွင်ဖြစ်ပြီး
ခင်မင်သူများက စိမ်း ဟုသာ
ချစ်စနိုးခေါ်ကြသည်။

စိမ်း နှင့် ခြည် သည် တက္ကသိုလ်တက်စဉ်အခါက
ညီအစ်မသဖွယ် ခင်မင်ခဲ့ကြသူများဖြစ်ပြီး
ခြည် နှင့် သန့်စင် တို့က ထိုအချိန်ကာလတည်းက
သမီးရည်းစားများပင်။
ဘွဲ့ရပြီးတော့ စိမ်း က ပြင်ဦးလွင်ရှိ
မိဘပိုင် စတော်ဘယ်ရီခြံကိုသာ
ဦးစီးလုပ်ကိုင်ပြီး ပြင်ဦးလွင်၌သာ
အခြေချဖြစ်သွားသည်။

ခြည် တို့လင်မယားက ပြင်ဦးလွင်ဘက်
အလည်လာတုန်း စိမ်း အိမ်တွင်
အလည်လာတည်းခိုခြင်းဖြစ်သည်။

သန့်စင်က ဟိုတယ်တည်းချင်သော်လည်း
မိမိ၏ သူငယ်ချင်းမ ခြည်က
ပြင်ဦးလွင်ရောက်တုန်းလေး စိမ်းနှင့်
နေချင်ပါသည်ဆိုသောကြောင့် စိမ်း အိမ်၌
တည်းဖြစ်သွားခြင်းပင်။

စိမ်း က ရည်းစားမရှိ အပျိုဖြစ်ပြီး
မိဘများနှင့် တူတူမနေဘဲ အိမ်ခွဲကာ
လုံချင်းအိမ် တစ်ထပ်တိုက်လေးနှင့်
တစ်ယောက်တည်း အေးဆေးနေသူဖြစ်သည်။
တက္ကသိုလ်တက်စဉ်အခါက ရည်းစားများ
ရှိခဲ့ဖူးသော်လည်း ယခုအချိန်တွင်တော့
တစ်ယောက်တည်းပင်။

လာပိုးပန်းသူများရှိသော်လည်း
မတွဲချင်သေးသဖြင့်
သည်အတိုင်းနေနေခြင်းပင်။
ရည်းစားရှိစဥ်အခါကတော့
လိင်ဆက်ဆံသည်အထိမရောက်ပဲ
ဟိုကိုင်ဒီကိုင်သာ အကိုင်ခံဖူးသူဖြစ်ပြီး
ယခုနောက်ပိုင်း ကာမဆန္ဒလိုအပ်ချက်ကိုတော့
တစ်ကိုယ်ရည် အာသာဖြေခြင်းဖြင့်သာ
ဖြေရှင်းဖြစ်သည်။

-Time skip-

"စိမ်း လက်ရာ စတော်ဘယ်ရီ ‌ဖျော်ရည်လေး
ကောင်းလိုက်တာဟယ်"

I was thereWhere stories live. Discover now