.
.
.
.
.
.
.
.
.
.
.
.

သူရ သူ့အိမ်တွင်အထီးကျန်စွာ ပြတင်းပေါက်နားတွင်ထိုင်ကာ
သူ့ရဲ့လက်ထဲမှအရက်ခွက်ကိုမော့သောက်လိုက်ပြီး အတိတ်ကိုပြန်တွေးမိလိုက်သည်။

လွန်ခဲ့တဲ့ ၄နှစ်တွင်သီရိနဲ့သူနဲ့ကချစ်သူရည်းစားများဖြစ်ခဲ့ကြသည် ထိုအချိန်တွင် သီရိက၁၉နှစ်သာရှိသေးပြီး သူအသက်က၂၂ဖြစ်သည်။

ထိုအချိန်တုန်းက သီရိက သူတို့ကျောင်းကအလှဆုံးဖြစ်ခဲ့ပြီး
သူငယ်ခြင်းတွေမြှောက်ပေးမူ့ကြောင့် သူ့ထက်၃နှစ်ငယ်တဲ့ဂျူနီယာညီမလေးကို လိုက်ပိုးပန်းခဲ့ခြင်းသာဖြစ်ပြီး သူငယ်ခြင်းတွေနဲ့လောင်းစားကြောင့်ရအောင်လိုက်ခဲ့သာတာဖြစ်သည်။

ဒါပေမဲ့သီရိနဲ့အချိန်အနည်းငယ်တွဲပြီးနောက်သီရိကရည်မှန်းချက်ကြီးသူဖြစ်ပြီး သူ့လိုပေါ့ပေါ့နေပေါ့ပေါ့စားသူဌေးသားဆီနဲ့ရေလိုပင်အဲ့လိုပြောလို့ သီရိရဲ့အိမ်ကလဲ သာမန်လူတန်းစားတွေမဟုတ်ပေ သူတို့ရဲ့အိမ်နှစ်အိမ်က အောင်မြင်တဲ့စီးပွားရေးကိုယ်ဆီနဲ့ဖြစ်ပြီး လူခြင်းအရကော ဂုဏ်ရည်အရပါလိုက်ဖက်သောကြောင့် သူသီရိအားလက်ထပ်ဖို့အထိရည်ရွယ်ခဲ့သည်။

သို့ပေမဲ့ သူ့ရဲ့အိမ်စီးပွားရေးအခြေနေမကောင်းချိန်မှာတော့သီရိကသူ့အပေါ်အေးစက်စွာ စာတစ်စောင်နှင့်လမ်းခွဲခဲ့ပြီး
သူမခံမရပ်နိုင်ဖြစ်တာလားဝမ်းနည်းတာလားထိုအချိန်ကမသဲကွဲခဲ့ပေမဲ့ သူသီရိဆီကသူရတဲ့စာထဲကအကြောင်းရာကတကယ်လားဆိုတာ တိတိကျကျအဖြေလိုခြင်လို့ သီရိနဲ့လူခြင်းတွေ့ခဲ့သော်လဲ သူမကကျောက်ရုပ်ပမာဘာမှမတုန့်ပြန်ခဲ့ စာထဲကအကြောင်းရာများကိုအမှန်၍သာသူမပြောခဲ့ပြီး သူ့အားလှည့်မကြည့်ပဲထွက်ခွာသွားတော့သည်။

သူနောက်ပိုင်းအိမ်ရဲ့အခြေနေကြောင့်ကျောင်းထွက်ပြီးလုပ်ငန်းခွင်ထဲဝင်ကာ ဦးစီးခဲ့ပြီး သီရိနဲ့လဲမတွေဖြစ်တော့ပေ သူငယ်ခြင်းတွေရဲ့ပြောကြားချက်အရ သီရိအဖေနဲ့အမေ အက်စီးဒင့်ဖြစ်ပြီး နေရာမှာတွင်သေဆုံးခဲ့တာကိုသူကြားခဲ့ရပြီး

သီရိအိမ်ရဲ့အခြေနေက သူမကိုယ်တိုင်ဘာမှမလုပ်နိုင်၍ ဆွေမျိုးတွေကပိုင်ဆိုင်မူ့တွေလုယူသွားကာ သူမကချမ်းသာတဲ့ဘဝကိုမစွန့်လွှတ်နိုင်၍ အသက်ကြီးကြီးသူမအဖေအရွယ်လောက်ရှိတဲ့သူကိုအပိုင်ဖမ်းခဲ့တယ်လို့ သူငယ်ခြင်းများကပြောပြကြပြီး သူမယုံ၍ သီရိနဲ့တွေ့ဖို့နောက်တစ်ကြိမ်ထပ်သွားရာ
သူမကိုယ်တိုင် သူမအဖေအရွယ်လောက်ရှိတဲ့သူရဲ့ကားထဲပါသွားတာကိုတွေ့မှသူယုံခဲ့သည်။

ဒီဘဝတော့ငါ့မောင်ကိုငါကာကွယ်မယ်Onde histórias criam vida. Descubra agora