Ep- 20(Z-U)

65 7 5
                                    

သီရိယခုမှသက်ပျင်ချမိတော့သည် မနေ့ညက အရင်ညထက်ညတာရှည်သလားအောင့်မေ့ရအောင်ကြာလွန်းပြီး မနေ့ညက သူမတကယ်အိပ်မပျော်ခဲ့ပေ ဒီမနက်ခင်းမှာလဲထူးဆန်းပြီးဖော်ရွေတဲ့လူနှစ်ယောက်နဲ့မနက်စာကိုမနည်းဝင်အောင်စားခဲ့ရပြီး ထိုအိမ်ကြီးထဲကထွက်လာမှပဲ

သူမအနေအစားချောင်သွားရတယ်လို့ဆိုရမည်
ဘာကြောင့် ယုယခင်နဲ့ဘုန်းရန်နိုင်သူမကိုအရမ်းဖော်ရွေပြနေလဲသူမ မသိပေမဲ့ သူတို့နှစ်ယောက်က မိန်းကလေးတစ်ယောက်ဆီက သူတို့ပေါ်အကောင်းမြင်အောင်ကြိုးစားပြီးလိုက်ပိုးပန်းနေတဲ့ကောင်လေးများနဲ့ခပ်ဆင်ဆင်ဖြစ်နေတယ်လို့သူမတွေးမိပြီး သူမဒါကိုတွေးမိမိခြင်းပဲ ခေါင်းကိုအမြန်ခါရမ်းလိုက်ပြီး(ငါတော့စိတ်ကူးနဲ့ရူးနေပြီ ဟာ့ဟား)

သီရိသူမအတွေးများအားလှောင်ရယ်လျှက်အိမ်ထဲသို့ဝင်လိုက်တော့သည် သူမအိမ်ထဲသို့ဝင်ဝင်ခြင်းပဲ သူမရင်းနီးတဲ့မျက်နှာကိုမြင်လိုက်ရပြီး ထိုသူအားမြင်မြင်ခြင်း၁စက်ကန့်မှာပဲ ထိုလူနှင့်ပတ်သတ်တဲ့မှတ်ဉာဏ်များကသူမ​ခေါင်းထဲတွင်ပေါ်လာပြီး သီရိ ရဲ့မျက်နှာကချက်ခြင်းတင်းမာသွားပြီး ထိုသူကလဲ သိရိကိုမြင်တော့ ခနတာ အံအားသင့်သွားပြီး

အချိန်ခနအတွင်းပဲထိုအံအားသင့်မူ့များကပျောက်ကွယ်သွားကာ သူ၏မျက်နှာပေါ်မှ သီရိအားခနဲ့တဲ့အကြည့်နှင့်မထီမဲ့မြင်ပြုံးလျှက် သူတို့နှစ် ဦးမျက်နှာခြင်းဆိုင်လိုက်ပြီး

"မတွေ့ရတာကြာပြီနော် သီရိ"

"နင့်ကိုမြင်ရတာ ကျက်သရေမရှိလိုက်တာ သူရ"

သူရဟတ်ခနဲရယ်လျှက်

"ကလေးပြောတာတော့ သူအမက သဘောကောင်းပြီး ကြင်နာပြီးယဉ်ကျေးသိမ်မွေ့တယ်တဲ့ ကြည့်ရတာ သူကအရမ်းရိုးအပုံပဲ"

ကလေးဆိုတဲ့နမ်စားကြောင့်သီရိ ထူးမြတ်ကိုရည်ရွယ်တယ်ဆိုတာ သဘောပေါက်သွားပြီး
(ဒီကောင်မှန်းငါအစထဲက သိရမှာ ဒီခွေးကောင်က ငါ့မောင်ကို ဒီခွေးနဲ့မှ..)

သီရိမျက်လုံးကပိုမိုစူးရှသွားပြီး မကျေနပ်မူ့တို့ကအတိုင်းသားမြင်နေရပြီး ဒါကိုသူရလဲသတိထားမိကာ ကျေနပ်စွာပြုံးလိုက်ရင်း သီရိဘေးမှ ဖြတ်လျှောက်သွားကာ သီရိရဲ့ပုခုံးကို လက်ဖြင့်ပုတ်လိုက်ပြီး
"နောက်မှတွေ့မယ်နော် မရီးလေး"

ဒီဘဝတော့ငါ့မောင်ကိုငါကာကွယ်မယ်Where stories live. Discover now