" ကိုယ်ကယောကျ်ားကောင်းတစ်ယောက် ဖြစ်နေပြီးသားပါ။
နောက်ပြီး ကိုယ့်အနေနဲ့ အလင်းကိုပြောခဲ့သမျှစကားတော်တော်များများက ကိုယ့်စိတ်ရင်းအမှန်ပဲ။ ကိုယ့်နှလုံးသားထဲကလာတဲ့ အသံတိတ်စကားသံတွေကို ကိုယ့်နှုတ်ကဖွင့်ပြောပေးယုံပါ"

" မင်း ငါ့ကိုဘယ်လိုသဘောထားနေလဲဆိုတာ ငါစိတ်မဝင် စားဘူး။ နောက်ပြီး အသက်၁၈နှစ်ကျော်နေတဲ့ လူတစ်ယောက်ကို နောက်ကနေလိုက်ထိန်းနေရလောက်အောင် ငါအားမနေဘူး။မင်းကိုယ်တိုင်လဲ ပြည်ပမှာအနေကြာခဲ့တဲ့သူ။ကိုယ့်ကိုကိုယ်တော့ ကောင်းကောင်းထိန်းနိုင်မှာပါ။ ငါက မင်းတို့အရွယ်တွေ မထိတထိလာလုပ်တိုင်း စိတ်လှုပ်ရှားတတ်တဲ့ မနူးမနပ်အရွယ်မျိုးမဟုတ်တော့လို့ ငါ့ကိုစိတ်ဝင်စားနေတယ်ဆိုလဲ အဲဒီစိတ်ဝင်စားမှုကို အခုထဲကရုပ်သိမ်းလိုက်တော့။ အချိန်ကုန်တယ်။ ငါ့အတွက်ပေးမဲ့အချိန်တွေအစား အီတလီပြန် အနောက် တိုင်းသူအချောအလှလေးတစ်ယောက်ကိုသာ ရှာထားလိုက် ။ အဲဒါမင်းနောက်ရေးအတွက် ပိုအဆင်ပြေတယ်"

" ကိုယ်အီတလီကိုပြန်ချင်း,မပြန်ချင်း အဲကိစ္စကို အလင်းမှာ
စီမံပိုင်ခွင့်မရှိဘူး။ အလင်းအိမ်မှာ မနေစေချင်ဘူးဆိုရင်တော့
ကိုယ်အခြားနေရာမှာ ပြောင်းနေပေးလို့ရပါတယ်"

ဒီစကားက ကိုယ့်ကိုသက်သက်မဲ့အကျပ်ကိုင်နေတာမှန်း
လင်းမြတ်သိလိုက်သည်။ ရောက်လာတာ ရက်ပိုင်းပင်ကောင်းကောင်းမပြည့်သေးသူကို သူ့မိဘတွေမျက်နှာနှင့် ကိုယ်ကဘယ်လိုနှင်ချလို့ရပါ့မလဲ။ ဒီကောင်လေး သိပ်လည်လွန်းသည်။

" နောက်တစ်ချက် အနောက်တိုင်းသူအချောအလှလေးတွေက ကိုယ့်အတွက်မလိုအပ်ဘူး။လိုချင်စိတ်သာရှိရင် ရတာကြာရောပေါ့။ ကိုယ့်ဘဝအတွက်ရော ကိုယ့်နှလုံးသားအတွက်ပါ ကိုယ်ကဘာကိုလိုချင်လဲဆိုတာ ကောင်းကောင်းသိတဲ့သူမို့ အဲကိစ္စလဲအလင်းစိတ်ပူစရာမလိုဘူး။ အချိန်တစ်ခုရောက်လာရင် ကိုယ်လိုချင်တာက ရကိုရမှာသေချာတယ်"

ကိုယ့်မျက်နှာကိုကြည့်ရင်းပြောနေသည့်စကားတွေကြောင့်
လင်းမြတ်လည်း တကယ်ပင်စိတ်ရှုပ်လာရတော့သည်။

Hey ! You Have To Be My Husband ( Completed  )Where stories live. Discover now