" ဘာလုပ်ရမှာလဲဒေါက်တာ.."

" ဒါနဲ့အရင်ဆုံးစစ်ကြည့်တာပေါ့.."

ဒေါက်တာသည် ထိုဆီးစစ်တံနှင့် ငါအားစစ်ခိုင်းလေသည်..။ ပြန်မငြင်းတော့ပဲနဲ့ပဲ ဒေါက်တာပြောတဲ့
အတိုင်းစစ်ကြည့်ပြီး ခဏအကြာမှာ ထိုတုတ်ချောင်း
လေးမှာ အနီရောင်မျဉ်းကြောင်းလေး နှစ်ချောင်းဟာ
အထင်းသားပင်..။ဒါ..ဒါဘာကို ပြောချင်တာလဲ..။

" ဟုတ်နေတာပဲ ဖန်ပြွန်တွေဘာတွေထည့်ဖူးလား.."

" ဟင့်အင်း မထည့်ဖူးပါဘူး.."

" အဲ့တာဆိုရင်တော့ ဒါထူးခြားဖြစ်စဉ်ပါပဲ..
လက်ခံနိုင်စွမ်းမရှိပင်လည်း ယောင်္ကျားလေး
‌အယောက်ရာကျော်မှာ တစ်ယောက်က
သားအိမ်ပါတဲ့ ဖြစ်စဉ်ပါ.."

သားအိမ်ပါတာတဲ့ ကြားလဲမကြားဖူးသလို
ဘယ်လိုမျိုးလဲမသိဘူး ဒါပေမယ့် ထိုအရာက
ငါ့မှာဖြစ်တည်နေပြီပင်..။

" အဲ့တာဆိုအခု.."

" သန္ဒေသားကို လွယ်ထားနေရပါပြီ
ဘယ်နှစ်လသားရှိပြီလဲ တစ်ချက်စစ်ကြည့်ရအောင်.."

ရင်တွေဟာ တစ်ဖြေးဖြေစ အခုန်မြန်လာသည်..။
ကလေးလေးရှိနေပြီတဲ့လား..။ ကြည်နူးပီတိနဲ့အတူ
စိုးရိမ်မှုပါ တစ်ပြိုင်နက်ဖြစ်ပေါ်လာသည်..။
မောင်ရော လက်ခံပါ့မလား..။

" သန္ဒေသားက နှစ်လနီးပါးလောက်ပဲ ရှိအုန်းမယ်
သေးသေးလေးဖြစ်နေသေးတယ် ဒီမှာ.."

ဒေါက်တာပြတဲ့ နေရာအား ကြည့်လိုက်တော့
ဟုတ်ပါရဲ့..တကယ့်ပိစိသေးသေးလေးပဲရှိသေးတယ်
ပါးကလေးလေးက..။

" ကိုယ်ဝန်ရှိပြီဆိုတော့ ဆောင်ရန် ရှောင်ရန်
လေးတွေ ပြောပါပါမယ် အဲ့တာတွေတော့
လိုက်နာရပါမယ်နော် အားဆေးတွေလဲ
ပေးလိုက်ပါ့မယ်.."

" ဟိုလေဆရာ ဆေးစစ်ချက် စာရွက်စာတန်းကိုလေ
ရိုးရိုးနေမကောင်းဖြစ်‌တယ်ဆိုပြီး တစ်ခုထပ်ပြီး
ထုတ်ပေးလို့ရမလား..ကျွန်တော်ဒါကို
နောက်မှ surpriseလုပ်ချင်လို့.."

" အဲ့တာဆိုလုပ်ပေးလိုက်ပါမယ်နော်.."

ကိုယ်ဝန်ရှိကြောင်းစာရွက်တွေနဲ့ သောက်ဆေးတွေကို
အိတ်ထဲအမြန်ပင် ဖွတ်လိုက်ပြီး နေမကောင်းဖြစ်တယ်
ဆိုတဲ့ စာရွက်ကိုပဲ ကိုင်ဆောင်ကာ အပြင်ထွက်ခဲ့လိုက်သည်..။

Sᴛʀᴀᴡʙᴇʀʀʏ ᴀɴᴅ Cɪɢᴀʀᴇᴛᴛᴇs { COMPLETED}Where stories live. Discover now