ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့

Börja om från början
                                    

သူက ထိုစကားကိုပြောပြီးသည့်နောက် လက်ခုတ်ပင် နှစ်ချက်လောက်ပင် ထတီးလိုက်သေးသည်။

"ရပါတယ် မင်း ကိုယ့်ကိုခေါ်တဲ့နာမည်သာ ပြောင်းပေး"

သူ သူ့ကိုခေါ်တဲ့အမည်နာမကိုပြောင်းပေးရမယ်...ဟုတ်စ...'ယောင်္ကျားတစ်ယောက်က အသတ်ပဲခံလိုက်မယ်...အရှက်တော့အခွဲမခံနိုင်ဘူး ' ရွှီလော့ယန်က သူ့ဘာသာသူတွေးမိလိုက်၏။

"ချန်အန်းကော"

သူက ချီချန်အန်း၏မျက်ဝန်းထဲမှ ရယ်မြူးရိပ်များအားမမြင်ချင်ယောင်ဆောင်ကာ၊ လေးလေးပင်ပင် သက်ပြင်းချ၍စကားဆိုလိုက်၏။

"ဟူး...ကျွန်တော်မှာတော့ ခင်ဗျားကိုပြန်တွေ့ရလို့ ပျော်နေတာကို ဒါပေမယ့်အခုတော့ ကျွန်တော်အပျော်တွေလျော့သွားရပြီ ငါးဆယ်ရာခိုင်နှုန်းလောက် လျော့သွားတာ မဟုတ်သေးဘူး...အဲ့ဒီထက်ပိုပြီး ရာခိုင်နှုန်းနည်းသေးတယ် လေးဒသမကိုး ရာခိုင်နှုန်းပဲ ကျန်တော့တယ်"

ချီချန်အန်းမှာ အော်ရယ်လိုက်မိသည်။ ချီချန်အန်းက သူ့လက်ချောင်းများအား ဆန့်ကာ ရွှီလော့ယန်၏ဦးထုတ်အနားပြန့်နေရာလေးမှ‌ကိုင်၍ ဦးထုတ်ကိုအသာလေးဆွဲမလိုက်ပြီး သူ့ရဲ့ကြည်လင်နေသော မျက်ဝန်းများထဲသို့ စိုက်ကြည့်ကာစကားဆိုလိုက်သည်။

"ဈေးလျော့ပေးတဲ့ ဗန်ကားမပါလာလည်း ကိုယ်ကျေနပ်ပါတယ်"

ညနေခင်းလေပြည်ရဲ့တိုက်ခတ်မှုနှင့်အတူ သူ့စကားက အတော်လေး တိုးညှင်းညှင်သာနေ၏။

သူ့နှုတ်ခမ်းထောင့်များက မသိလိုက်ခင်ဘဲ ကော့တက်သွားရသည်။ ထို့ကြောင့် ရွှီလော့ယန်က နောက်ထပ်တစ်လက်မလောက်ထပ်ပိုယူချင်မိသွားသည်။

"‌တည်းခိုဖို့ ဟိုတယ်လည်း မရှိဘူးနော်"

"အင်း...အဲ့ဒါလည်း လျော့ဈေးမရှိဘူးပေါ့နော်"

ချီချန်အန်းက လစ်ဟာနေသောလမ်းမအား‌ သူ့ခေါင်းကိုစောင့်ငဲ့ကြည့်ရင်းမေးလာသည်။

"ဒါဆို...ကိုယ်တို့ဘယ်လိုပြန်ကြမလဲ"

အဆုံးတွင် နှစ်ယောက်သား လမ်းလျှောက်ပြန်ရန်သာ ဆုံးဖြတ်လိုက်ကြသည်။ ချင်းလီမြို့က သေးငယ်သည်၊ သူတို့ထံတွင် ရှည်လျားသောခြေတံများရှိသဖြင့် မြန်မြန်ဆန်ဆန်လမ်းလျှောက်နိုင်သည်။ထို့အတွက်၊ နာရီဝက်အတွင်း သူတို့ရောက်နိုင်တယ်ဟု ခန့်မှန်းလိုက်သည်။ ဝါကျင့်ကျင့်လမ်းမီးများထွန်းထားပြီး ဖြတ်သွားဖြတ်လာ ကားများကလည်း မရှိသလောက်ပင်၊ သူတို့က ပိုးကောင်များရဲ့အသံကိုပင် ကြားနေရ၏။

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Där berättelser lever. Upptäck nu