အားကစားကော်မတီက သူ့နာမည်ကို ဇယားမှာရေးထားတာကိုနင်အာ  မြင်လိုက်ရ၏။
ခဏကြာ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းခါလိုက်သည်။
"မဟုတ်ဘူး၊ ငါပါမယ်။
ဒါက ငါတို့အတန်းအတွက် နောက်ဆုံးအုပ်စုလှုပ်ရှားမှုပဲ လေ။
ငါကြိုးစားပြီးလုပ်ကြည့်လိုက်ပါ့မယ်။"

အားကစားကော်မတီက
"ကောင်းပြီ၊ မင်းလည်း ပါဝင်မယ်ဆိုရင် ကောင်းတာပေါ့
ငါတို့အတန်းက လူတွေအားလုံး လည်းပါဝင်မှာပါ"

‌နင်အာ က ပြုံးပြီး "ငါတို့အတန်းကူညီဖို့ ငါကြိုးစားပါ့မယ်"

"ဒါ သဘောတူညီချက်ပဲ!"

ဒီအတန်းက တရုတ်ဆရာမ အတန်းဖြစ်သည်ပင်။
အခန်း 4 မှ တရုတ်ဆရာမ သည် အသက်ကြီးကြီး ဆရာမ တစ်ယောက်ဖြစ်ပြီးသူမသည် အလွန်သဘောကောင်း သည်။

ကျန်းချန် က ‌နင်အာ ရဲ့ လက်မောင်းကို ညင်သာစွာ ပုတ်လိုက်ပြီး
"မင်းတကယ် စိတ်ဆိုးသွားတာလား?"

‌နင်အာက သူ့ကို လှည့်ကြည့်လိုက်တော့ ကျန်းချန် က သူအား  မျက်လုံးမှိတ်ပြနေတာကို တွေ့လိုက်ရ၏။
ကျန်းချန် ၏ ဆိုလိုရင်းကို သူ လျင်မြန်စွာ သဘောပေါက်သွားပြီး မျက်လုံးကို မှိတ်ချလိုက်ကာ
"ငါ စိတ်မဆိုးပါဘူး"
လို့ တည်ငြိမ်စွာ ပြောလိုက်၏။

ကျန်းချန် သည်  ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားကာ ရိုးရှင်းသောစိတ်ထားရှိသူပင်ဖြစ်လေသည်။
‌နင်အာပြန်ပြောသည်ကိုကြားတော့ သူသံသယမဖြစ်တော့ဘဲ ရယ်မောကာ ပြောခဲ့သည်- "မင်းက အဲဒီအပြောင်းအရွှေ့ကျောင်းသားနဲ့ အရမ်းရင်းနှီးတာပဲ။
နင်အာ၊ သူ့နောက်ခံက ဘယ်လိုလဲ။ သူက ဘတ်စကတ်ဘောမှာ တကယ်ကို တော်တာလား ?
ဒါပေမယ့် ငါလောက်တော့ အံ့သြစရာတော့မကောင်းလောက်ပါဘူး။
ငါတို့ရဲ့ ဘတ်စကတ်ဘောကစားတဲ့ အရင်က နောက်ဆုံးစာသင်နှစ်မှာ
   MVPကစားသမားက ငါဖြစ်ခဲ့တာလေ။"

ကျန်းချန် သည် အားကစားကို အမှန်တကယ် ကျွမ်းကျင်သည်ပင်။
သို့သော်လည်း သူ့မှလွဲ၍ အခန်း 4 မှ အခြားသူများမှာ အခန်း 6 လောက်ပင် မကစားနိုင်၍ ချန်ပီယံဆုကို ဆွတ်ခူးရန် မဖြစ်နိုင်တော့သည်မှာ နှမြောစရာပင်ဖြစ်သည်။

A LITTLE LOVE SONG {Complete} Where stories live. Discover now