အပိုင်း(၅)

Começar do início
                                    

ထို့နောက် အလုပ်သမားများ၏ လျှပ်စစ်ကားကို အလကားစီးပြီး စားသောက်ဆိုင်သို့ ပြန်လာခဲ့သည်။

ဤသို့ဖြင့် စမတ်ကျပြီး ကောက်ကျစ်စဉ်းလဲသော ယွမ်ကျိုးသည် သူ့ဘတ်စ်ကားခကိုပင် သက်သာအောင် စီမံနိုင်ခဲ့သည်။ ယွမ်ကျိုး စားသောက်ဆိုင်သို့ ပြန်ရောက်လာသောအခါ သူဌေးဝမ်သည် ပိုက်လိုင်းအားလုံးကို ပြုပြင်ပြီးဖြစ်သည်။

အသစ်တပ်ဆင်ထားသော ဓာတ်ငွေ့မီးဖိုနှင့် သန့်ရှင်းသပ်ရပ်သောမီးဖိုချောင်သည် ယွမ်ကျိုးကို ကောင်းမွန်သော စိတ်ခံစားချက်ကို ဖြစ်ပေါ်စေသည်။

ယွမ်ကျိုးက နံရံကပ်စက္ကူကပ်ရန် အလုပ်ကို စတင်ရန် စီစဉ်‌ပေးပြီးနောက် သူဌေးဝမ်ဆီသွားသည်။

"ကျေးဇူးတင်ပါတယ် သူဌေးဝမ်။ ဒါက လုပ်အားခပါ။ တစ်ချက် စစ်ဆေးကြည့်ပါဦး"

"ပြဿနာမရှိပါဘူး။ မင်းပေးတဲ့ လုပ်အားခက မှန်ကန်ပါတယ်။ ဒါဆိုရင် ငါ ပြန်တော့မယ်။ အကူအညီထပ်လိုအပ်ရင် ငါ့ကို ဖုန်းဆက်ခေါ်လိုက်နော်" 
ထို့နောက် သူဌေးဝမ်သည် ငွေလက်ခံပြီး ရေတွက်ကာ ငွေသားများကို သူ့အိတ်ကပ်ထဲ ထည့်ပြီးနောက် သူ့ဆိုင်သို့ ပြန်သွားသည်။

အလုပ်သမား၏ အလုပ်လုပ်သော အသံမှလွဲ၍ ဆိုင်တစ်ခုလုံး တိတ်ဆိတ်နေသည်။ ယခင်က ဆိုင်ထဲခင်းကျင်း‌ထားသော ထိုင်ခုံနှင့် စားပွဲခုံအားလုံးကို  အမှိုက်အနေဖြင့် လွှင့်ပစ်ခဲ့သည်။

ထို့ကြောင့် ပင်မခန်းမဆောင်ကြီးသည် အတော်အတန် ကျယ်ဝန်းသည်ဟု ထင်ရသည်။ ယွမ်ကျိုးသည် နံရံကပ်စက္ကူကပ်ခြင်းလုပ်ငန်း ပြီးမြောက်မည့်အချိန်ကို စောင့်ဆိုင်းနေစဉ် စားပွဲခုံနှင့် ထိုင်ခုံအသစ်များ ဝယ်ရန် တွေးကြံနေသည်။

သူသည် သူပိုင်ဆိုင်ထားသော စနစ်နှင့် ပတ်သက်၍ အတော့်ကို ယုံကြည်မှု လွန်ကဲသည့်အတွက် တတ်နိုင်သလောက် ခန်းမဆောင်တစ်ခုလုံးကို ဧည့်သည်များများ တည်ခင်းနိုင်ရန် စားပွဲခုံများများ ဝယ်ယူရန် ဆုံးဖြတ်ထားသည်။

"ဟား...ဟား...ဟား"

ယွမ်ကျိုးက သူ့စားသောက်ဆိုင်သို့ တိုးကျိတ်ဝင်‌ရောက်လာမည့် စားသုံးသူများနှင့် စားသောက်ဆိုင် ဆိုင်ခွဲတစ်ဆိုင်ပြီးတစ်ဆိုင် ဖွင့်လှစ်မည့်အကြောင်းကို စိတ်ကူးယဉ်ပြီး အားရပါးရ ရယ်မောလိုက်သည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Onde as histórias ganham vida. Descobre agora