အပိုင်း ၁၇

Start from the beginning
                                    

မင်းကြီး / ထွက်သွား!!! ငါကိုယ်တော် သူ့ကိုအပြစ်ပေးထားတာမရှိဘူး သူ့ဘာသာ သူ့ဆန္ဒနဲ့သူ လာဒူးထောက်နေတာ

မင်းကြီးဟာ ပြတ်သားလွန်းလှသည်။
ဒီတော့ မနေနိုင်ရှာတဲ့အထိန်းတော်ကြီးကပဲ

အထိန်းတော်ကြီး / မင်းကြီး... သူ့ရဲ့ အစေခံမိန်းကလေးကို ပ ပြန်လွှတ်ပေးလိုက်ရုံပါပဲ ကျွန်တော်မျိုးဒူးထောက်ပြီး
တောင်းပန်ပါ့မယ်

မင်းကြီး / မောင်မင်းပါ ခေါင်းပေးချင်သလား!!! သူ့အပြစ်သူသိအောင် ပြစ်ထားလိုက်ပါ ကိုယ်တော့်ရဲ့ ကလေးကို ထိပါးထားတာ ဝန်မခံမချင်း သူ့အစား သူ့အစေခံမိန်းကလေးကို နှိပ်စက်မေးမြန်းစေ!!!

မင်းကြီးကတော့ တစ်ချက်လွှတ်အမိန့်ချမှတ်ပြီးတာနဲ့
အိပ်ဆောင်တော်ဝင်သွားလေသည်။
အပြင်မှာတော့ အေးစက်တဲ့ဆောငျးရာသီကို အံတုရင်း မင်းကြီးအား အသနားခံနေသော ကြင်ယာတော်လေးလဲရှိနေပေသည်။

အထိန်းတော်ကြီး / ကြင်ယာတော်လေး ပြန်ပါတော့
မင်းကြီးရဲ့ အမြတ်ဒေါသတွေပြေလျော့သွားမှ
အသနားခံစာပို့ကြည့်ပါ အခုလိုဆက်နေ နေရင်
ကြင်ယာတော်ရဲ့ ကျန်းမာရေးအတွက်စိတ်ပူရပါတယ်

ရှောင်ကျန့် / မပြန်ဘူး ယွဲ့ ယယ်က ဒီကိစ္စနဲ့မပတ်သက်ပဲ
မတရားခံရတာ ယွဲ့ယယ်ကို ပြန်မလွှတ်ပေးမချင်း မပြန်ဘူး

ခေါင်းမာလွန်းလှတဲ့ ကြင်ယာတော်လေးနဲ့
ရက်စက်ပြီးအသဲမာနိုင်လွန်းတဲ့ မင်းကြီးကြောင့်
အထိန်းတော်ကြီးလဲ
စစ်သူကြီးကျန်းချန်ကို အမြန်သာနန်းတွင်းပြန်လာဖို့
စာပို့ခို ေစလွတ်ရေပတော့သည်။

နောက်တစ်နေ့ မနက် မင်းကြီး နန်းဆောင်ကထွက်လာတဲ့အချိန်မှာတော့ တညလုံးဒူးထောက်နေဆဲ ရှောင်ကျန့်က အားနည်းကာနွမ်းလျနေပြီမို့ အနည်းငယ်တော့ စိတ်ပူသွာရသည်။

ရှောင်ကျန့် / ရှောင်ကျန့်က မင်းကြီးကိုမြင်တာနဲ့...
အ..အရှင်...ယွဲ့ယယ်...သူ...အပြစ်မရှိပါဘူး အပြစ်ပေးမယ်ဆို ...ကျွန်တော်မျိုး...

မင်းကြီး / ရှောင်...ရှောင်ကျန်!!

ထပ်မံ၍ သတိလစ်ကာ လဲကျသွားတာကြောင့်
မင်းကြီးက အမြန်ထိန်းပွေ့ လိုက်ရသည်။

အဆိပျ အဆိပ်Where stories live. Discover now