"ကျေးဇူးတင်ပါတယ်"

ရိပေါ်က

"မလိုပါဘူး ရပါတယ်"

ထိုအခါ ရိုဟန်က

"အဟက် မှန်ကြောင်က မင်းကိုပြောနေတာမဟုတ်ဘူး ငါ့ကိုပြောနေတာ"

ရိပေါ် ရှောင်းကျန့်ကိုကြည့်တော့ ရှောင်းကျန့်က ခေါင်းငြိမ့်ပြသည် ။ထိုအခါမှ ရှက်သွားတဲ့ရိပေါ် မျက်နှာကြီးရဲကာ ရှောင်းကျန့်ကို ကုတင်ပေါ်ပြန်ချပေးလိုက်သည် ။ ရှောင်းကျန့်က

"ရိပေါ် ငါဗိုက်ဆာတယ်"

"မင်းဘာစားချင်လဲ ငါသွားဝယ်ပေးမယ်လေ"

"မက်မွန်သီးစားချင်တယ်"

"အင်းအင်း ခဏလေးနော်"

ရိပေါ် ဈေးသွားမယ်လုပ်တော့ ရိုဟန်ကိုရုတ်တရတ်မြင်လိုက်ပြီး

(ငါသွားရင် ရှောင်းကျန့်အနားကို ဒီကောင်ကျန်ခဲ့မှာပေါ့ မဖြစ်ဘူး ဒီကောင့်ပါခေါ်သွားမှ)

"ရိုဟန် မင်းပါလိုက်ခဲ့"

"ငါက ဘာကိစ္စနဲ့လိုက်ရမှာလဲ ခြေထောက်ညောင်းတယ်"

"မင်း!"

ရှောင်းကျန့်က

"ရိပေါ် ငါအရမ်းဗိုက်ဆာနေပြီ"

"ဟင်း...အင်းအင်း သွားပြီ"

ရှောင်းကျန့်စကားကြောင့် ရိပေါ်တစ်ယောက် အားမသန်လို့မာန်လျှော့ကာ ရိုဟန်ကိုစိတ်မချပေမယ့်လည်း ထွက်သွားရတော့သည်။ ရိုဟန် ရိပေါ်ထွက်သွားတော့ ရှောင်းကျန့်ကိုကြည့်ကာ

"မင်းနဲ့သူက အချစ်ဆုံးသူငယ်ချင်းဆို ဟုတ်လား"

"အင်း ဟုတ်တယ်"

"အင်း အချစ်ဆုံးသူငယ်ချင်းကလည်း တော်တော်အားကိုးရတာပဲနော် အဟက်"

"ရိပေါ်ကို အဲ့လိုမပြောနဲ့ ငါမကြိုက်ဘူး"

"အမယ် မင်းကနာနေတက်သားပဲ ဒီမှာမှန်ကြောင် မင်းကိုသာ ငါအဲ့မီးကြားထဲကနေမကယ်ခဲ့ရင် အခုချိန်မှာ မင်းဘယ်ဘဝရောက်နေမှန်းတောင် သိမှာမဟုတ်ဘူး ရှင်းလား"

"အင်း ငါသိပါတယ် အဲ့အတွက်လည်း ငါကျေးဇူးအများကြီးတင်ပါတယ် ဒါပေမယ့် ရိပေါ်ကိုတော့မပြောပါနဲ့ သူလည်း သူချစ်တဲ့သူကိုကယ်ချင်ရှာမှာပေါ့"

🌸More Than Friends(သူငယ်ချင်းထက်ပိုသော)🌸[Complete]Where stories live. Discover now