part-6

409 38 0
                                    


"unicode"

companyကအစည်းအဝေးလုပ်မယ်ဆိုပြီး
ခေါ်ထားလို့taehyungသွားရသည် ceoကဘာတွေမိန့်ခွန်းဟောဦးမလဲမသိ အရေးကြီးတယ်ဆိုပြီးခေါ်ထားတာ

အဆောက်အဦးကြီးထဲဝင်သွားလိုက်ပြီး
အစည်းအဝေးလုပ်တဲ့အထပ်ဆီElevatorနဲ့တက်လာခဲ့၏ အခန်းဆီဖွင့်ဝင်သွားတော့
ceoပဲရှိသည် teamအဖွဲ့သားတွေကိုလဲမတွေ့ရ

"ကျွန်တော်ရောက်ပြီ"

"အော..ရောက်ပြီလားထိုင်ဦး"

"ဘာပြောစရာရှိလို့လဲ အဖွဲ့မှူးကော"

"မခေါ်ထားဘူး ငါမေးတာတစ်ခုသေချာဖြေပေးtaehyung"

အတည်ပေါက်ကြီးနဲ့လေးလေးနက်နက်ပြောနေတဲ့ceo

"မင်း သရုပ်ဆောင်မင်းသားjeon jungkookနဲ့ဘလိုပက်သက်လဲ fanတွေရောတခြားလူတွေကရောပါမင်းတို့ဆက်ဆံရေးကိုသံသယဝင်နေကြတယ်"

taehyungခပ်ရွဲ့ရွဲ့ပြုံးမိလိုက်သည် နောက်ဆုံးဒီလိုမေးခွန်းမျိုးမေးလာပြီပဲ

"ceoကဘလိုထင်လို့လဲ ကျွန်တော်တို့နှစ်ယောက်ဆက်ဆံရေးကို"

"သာမှန်ထက်ပိုနေရင် မင်းဖြတ်သင့်ပြီ အဲ့လိုဖြစ်လို့မရဘူးဆိုတာသိတယ်မလားtaehyung သတိကပ်စမ်းပါ"

"ဘာလို့မရရမှာလဲ ကျွန်တော်အစကတည်းပြောခဲ့ပြီးမှစာချုပ်ကိုချုပ်ခဲ့တာ ကျွန်တော့်ဘဝကိုချယ်လှယ်ချုပ်ကိုင်ဖို့မကြိုးစားနဲ့လို့"

"မင်းအတွက်ပြောနေတာကွ တခြား female actorဆိုငါမပြောလိုဘူး အခုဟာကကောင်းလာမဲ့ဟာတစ်ခုမှမပါဘူး"

"အဓိကပြောချင်တာကဖြတ်ခိုင်းတာမလား
မဖြတ်နိုင်ဘူး အဲ့တာကျွန်တော့်စကားအကုန်ပဲ"

"မင်းတို့နှစ်ယောက်လုံးကနာမည်ကြီးတွေနော် ထိပ်တန်းမင်းသားတွေဆိုတာသိတယ်မလား မင်းအောင်မြင်မူ့တွေထိုးကျလိမ့်မယ်"

"ဂရုမစိုက်ဘူး"

ဟင်း..ကတည်းceoတစ်ယောက်သက်ပြင်းချမိသွားသည် kim taehyungတို့ခေါင်းမာတဲ့အကျင့်ကလုံးဝပျောက်မသွားဘူး

"ကောင်းပြီ ငါလဲလုပ်သင့်တာဆက်လုပ်ရမှာပဲtaehyung"

"ကျွန်တော့်ကိုကျွန်တော်အာမ မခံထားဘူးနော် ကြိုပြောထားတာ"

Die for you Where stories live. Discover now