part-5

448 47 3
                                    

"unicode"

music Awardsပွဲတစ်ခုမှာ jungkookကိုmcလုပ်ဖို့လာကမ်းလှမ်းလာသည် ဒါကိုtaehyungကိုလည်းထိုနည်းတူကမ်းလှမ်းထားတာဖြစ်လို့ jk taehyungနဲ့အတူအချိန်ဇယားညှိပြီးလက်ခံလိုက်ကြသည်

ပွဲကိုကားတစီးတည်းအတူတူလာပြီး kim taeဟာjungkookနားကမခွာသလိုjungkookကလဲkim taeနားမှာ​ကြေညာရမဲ့ဟာတွေကိုတစ်ခါအတူတူပြန်လေ့ကျင့်ကြသည်

"အာ ငါနည်းနည်းစိတ်လှုပ်ရှားနေတယ်jungkook ah"

"မင်းဘေးမှာငါလဲရှိတာပဲကို"

"ငါသဘောကျတဲ့အဆိုတော်ကလဲဆုရမဲ့ထဲပါတာမို့ စိတ်လှုပ်ရှားနေတာ"

"ဘယ်သူလဲ"

"***သူလေ သူ့ကိုငါအရမ်းကြိုက်တာသိလား ဟီး"

jungkookမျက်မှောင်ကြီးကုတ်သွားပြီ
စိတ်မကြည်တော့

"သိလားလို့ jungkookမင်းငါပြောတာလဲနားမထောင်ဘူး"

"အော နားထောင်နေတယ်"

kim taehyungကသူ့မျက်နှာအရိပ်အကဲမသိတာလား ဆက်တိုက်ကိုအဲ့အဆိုတော်အကြောင်းတွေချီးမွှန်းခန်းဖွင့်တော့တာ
ဘလိုချောကြောင်းကပါသေးတယ်

"မင်းပြောလို့ပြီးပြီလားအဲ့အဆိုတော်အကြောင်း"

"ပြီးပါပြီကွ"

"အော ပြောချင်သေးရင်ပြောဦးလေ mcမလုပ်ပဲ အဲ့အဆိုတော်အကြောင်းပဲတစ်နေကုန်ထိုင်ပြောလိုက်ပါလား"

"မင်းကလဲ ဘာဖြစ်တာလဲ ရုပ်ကြီးက"

"ဘာဖြစ်နေတယ်ထင်လို့လဲ "

"ငါ့ကိုစိတ်ဆိုးနေတာလား ဒါပေမဲ့ငါဘာမှမလုပ်ထားဘူးလေ"

"မသိရင်လဲထားတော့ အချိန်ကပ်နေပြီ မင်းအဆင်သင့်ပြင်ထား"

"အကုန်အဆင်သင့်ပါပဲ"

ပြောသာပြောနေတာ kim taehyungတို့နက်ခ်တိုင်စောင်းနေမှန်းတောင်မသိဘူး
မျက်နှာကသာရေခဲရိုက်မျက်နှာနဲ့ kim taehyungကိုကြကလေးတစ်ယောက်လိုအစစအရာရာလိုက်လုပ်ပေးနေသည်

"ကိုယ့်ဟာကိုယ်လဲပြန်ကြည့်ဦး ငါကမင်းရဲ့စတိုင်းလစ်မဟုတ်ဘူး"

"မကြည့်ချင်ပါဘူး မင်းလုပ်ပေးပေါ့"

"ငါကဘာကိစ္စလုပ်ပေးရမှာလဲ လခလဲမရဘာမရနဲ့ အားအားယားယား"

Die for you Opowieści tętniące życiem. Odkryj je teraz