165-ယင်ဟို့ နက္ခတ်နှင့် ယှဉ်၍မွေးဖွားလာသည့် သူတော်စင်

471 66 0
                                    

|| ယင်ဟို့ နက္ခတ်နှင့် ယှဉ်၍မွေးဖွားလာသည့် သူတော်စင် [ အပိုင်း ၁ ] ||

ဖေမင်နဲ့ ကျန်သူတွေဟာ အိမ်ခြံဝင်းတစ်ခု အတွင်းကို ဝင်သွားကြတယ် ။ ရေတွင်းရှိမရှိ ရှာဖို့ ဖြစ်လိမ့်မယ် ။ ရှဲ့လျန်လည်း လိုက်ဝင်လာပြီး ပေါ့ပေါ့ပါးပါးပဲ မှတ်ချက်ပြုလိုက်တယ် ။

"ဒီလမ်းပေါ်က အိမ်တွေက အကုန်လုံး အိမ်ကြီးအိမ်ကောင်းတွေချည်းပဲ"

ဟွားချန်က ပြန်ဖြေတယ် ။

" ကြေးနီဖိုက ဝူးယုံးတိုင်းပြည်ရဲ့ အလယ်တည့်တည့် မင်းနေပြည်တော်မှာ ရှိတာ .. ဒီနေရာက ကြေးနီဖိုနဲ့ အနီးဆုံး ..ပြီးတော့ လွန်ခဲ့တဲ့ နှစ်နှစ်ထောင်က မင်းနေပြည်တော်နဲ့ အနီးဆုံး.. ဒါကြောင့် ကြွယ်ဝတဲ့ နေရာတစ်ခုပဲ ..များသောအားဖြင့် ထင်ရှားအရေးပါတဲ့ ပုဂ္ဂိုလ်တွေ အမှုထမ်း အရာထမ်းတွေ နေထိုင်ကြတော့ လူချမ်းသာတွေချည်းပဲပေါ့ "

အဲဒီနေရာမှာ ရေတွင်းတစ်တွင်းတော့ အမှန်တကယ် ရှိပေမဲ့ ရေတွင်းနားက မြင်ကွင်းဟာ အင်မတန် ထိတ်လန့်ချောက်ချားဖွယ်ရာ ဖြစ်နေတယ် ။ လူခုနှစ်ယောက် ရှစ်ယောက်လောက်ဟာ ရေတွင်းဘေးနားမှာ ခြေကားယားလက်ကားယား လဲကျနေကြတယ် ။ သူတို့ဟာ ရေငတ်သေတော့မတတ် အခြေအနေမှာ ဒီနေရာကိုရောက်အောင် အပြင်းအထန် ရုန်းကန်ကြိုးစားလာခဲ့ပေမဲ့ သေကြေပျက်စီးသွားကြရ သလိုလိုပဲ ။ အနီးကပ်သွားကြည့်လိုက်တဲ့အခါ ရှဲ့လျန် ကြောင်အမ်းသွားတော့တယ် ။

" ဒါ ... သူတို့က လူတွေလို့ ပြောရမှာထက် ကျောက်ရုပ်တွေနဲ့ ပိုတူနေတယ် ?"

သူတို့ဟာ သက်ရှိလူတွေ မဟုတ်ကြပေမဲ့ အလောင်းတွေလည်းမဟုတ်သလို သေချာပေါက် အရိုးခြောက်တွေလည်း မဟုတ်ဘူး ။ သူတို့ တစ်ဦးစီ တစ်ဦးစီဟာ လက်ရာတော်တော်ကြမ်းကြမ်းနဲ့ ပြုလုပ်ထားတဲ့ မီးခိုးရောင် ဖျော့ဖျော့ " ကျောက်ရုပ်တု" တွေပဲ ။

ရှဲ့လျန်က သူ့ဘေးက အရုပ်တစ်ခုကို ကိုင်ကြည့်ဖို့ လက်လှမ်းလိုက်မိချိန် ဟွားချန်က သူ့ကို တစ်ချက်ကြည့်လာတယ် ။ ထူးဆန်းပြီး အန္တရာယ်များတဲ့ အရာတွေကို မထိဖို့ သူတို့ချင်း ကတိထားခဲ့ကြတာကို သူချက်ချင်း သတိရလိုက်ပြီး ရုတ်တရက် ထိန်းချုပ်လိုက်တယ် ။ တစ်ချက် ပြန်စဉ်းစားကြည့်လိုက်ရင် ဘယ်သူက ဒီလို ထိတ်လန့်ဖွယ်ရာ ရုပ်ထုတွေကို ထုလုပ်ထားခဲ့မှာလဲ ? ၎င်းတို့ဟာ သေချာပေါက်လူတွေပဲ ဖြစ်လိမ့်မယ် ။ ဒါပေမဲ့ အကြောင်းတချို့ကြောင့် ဒီပုံစံ ပြောင်းလဲသွားခဲ့ရတာပဲ ။

ထျန်းကွမ်းစစ်ဖူ (volume 3 Unicode)Where stories live. Discover now