"အွန်း ငါ​ခေါက်ဆွဲပြုတ်မို့ လာလိုက်ခဲ့"

သူအ​နောက်​ဖေး​ခေါ်သွား​တော့ သန့်​နေတာပဲ ဆား,အချိုမှုန့်,ဟင်းခတ်မှုန့်,ဆနွင်း စသည့်​အရာ​လေး​တွေကို ဖန်ပုလင်း​လေး​တွေနဲ့​သေ​သေသပ်သပ်ထည့်ထားတာ​တွေကိုလည်း​တွေ့ရပြီး၊ပန်းကန်​တွေထည့်ထားသည့် ကြိတ်သားဗီရိုအဖြူကြီးကလည်း ခမ်းခမ်းနားနားပုံစံနဲ့ အိမ်မှာ​တွေ့​နေကြဖြစ်​နေ​သော်လည်း သက်နှင်းမှာထူးထူးဆန်းဆန်းသဖွယ်ဖြစ်​နေသည်။​သော်တာ က​တော့ပုံမှန်အတိုင်းလုပ်​နေကြပုံစံဖြင့် ဟင်းချက်တက်မယ့်ပုံလည်းမ​ပေါ်။

​​​ခေါက်ဆွဲပြုတ်သည့်အိုးကိုထုတ်ပြီး ​​ရေ​နွေးကိုအရင်တည်,ထားလိုက်ပြီး ဂျပန်မုန်ညင်း​တွေကိုယူကာ အပိုင်း​လေးတွေဖြစ်​အောင်လှီးသည်၊​ရေခဲ​သေတ္တာထဲမှ ဝက်သားပြားပါးပါး​​လေး​တွေကိုထုတ်ပြီး ​ရေအနည်းငယ် ​ဆေးပြီး ​ရေဆစ်ထားလိုက်သည်။​ရေ​နွေးဆူလာ​တော့ ​ကိုရီးယား​ခေါက်ဆွဲထုတ်ကို​ဖောက်ပြီး​အိုးထဲထည့် အ​ခြောက်ထုပ်​လေးဖြစ်သည့် မှို​လေး​တွေ အစိမ်းဖက်​လေး​တွေကို လည်းထည့်လိုက်သည် အနှစ်အမှုန့်ထုပ်ကို​တော့​ဘေးနားမှာထားထားသည်။ဝက်သား​ဖက်​လေး​တွေကိုလည်း ထည့်ထားလိုက်သည်။

​သော်တာမဏိ​ဝေလုပ်သမျှအရာ​တွေကို သက်နှင်းဝဒီ အကုန်လိုက်ကြည့်​နေသည်။​

​သော်တာကဒီလိုပုံစံကြ​တော့ လူကြီး​လေးလိုပဲ ခပ်တည်တည်နဲ့​ရေစိုလက်စဆံပင်တို့မှာလည်း​ခြောက်ခံနီးသို့​ရောက်​နေပြီ၊ဆံပင်ကို စုပြီးစီးထား​တော့ ဆံပင်အတိုဖြစ်လို့ ဆံနွယ်စ​ ​တွေမှာ​တော့ များစွာကျ​နေသည် သို့​သော် ထိုအရာ​လေးကပင်ဆွဲ​ဆောင်မှုရှိပါသည်။

​ခေါက်ဆွဲနည်းနည်းနူး​တော့ ​အမှုန့်ထုပ်ကိုလည်းထည့် မုန်ညင်းရွက်​လေး​တွေပါထည့်ပြီး ​ရေခဲ​သေတ္တာထဲက ချိစ့်၂ပြားကိုပါထည့်လိုက်သည်။၁မိနစ်​လောက်ထားပြီး အနံ့မှာလည်း​မွှေးလာပြီ သူမီးခလုတ်ကိုပိတ်ပြီး အိုးထဲက​နေ ​ကြွေအိုးအဖြူ​လေးထဲ ​ပြောင်းလဲထည့်လိုက်သည်။

"ရပြီ.."

သူလှည့်​ပြော​တော့ ​​ကြွေအိုး​လေးထဲက အ​ငွေ့​တွေကြား သူမမျက်နှာ​လေးမှာ ဆွဲ​​ဆောင်မှုရှိသည်။

အသက်တည်ရာWhere stories live. Discover now