part-23

116 2 2
                                    

Unicode

"ကြာ ရင်ထဲကကြာ"

အပိုင်း(၂၃)

နန်းနန္ဒာထွန်းမှာ ပြောနေသော စကားကို လမ်းကြောင်းလွှဲလိုက်၏

"အော်   အစားသောက်တွေရပြီပဲ ဒါဆိုနန်းလည်းအလုပ်လေးရှိလို့သွားလိုက်အုံးမယ်နော်  အကိုမဟာနဲ့ ကြာသူရိန်တို့အေးဆေးစားကြပေါ့ရှင်   အကိုမဟာနန်းသွားလိုက်အုံးမယ်နော်"

အပြုံးချိုချို လေသံပျော့ပျော့နဲ့ ပြောသွားသော နန်းနန္ဒာထွန်းအား ကြာသူရိန်လုံး၀ကြည့်မရပေ။  နန်းနန္ဒထွန်းထွက်သွားသည်နဲ့တစ်ပြိုင်ထဲကြာသူရိန်တစ်ယောက်စိတ်ဆိုးသည်အသံဖြင့် မျက်နှာကျုပ်ကာ

"ကြည့်လို့ကိုမရဘူး  ဘယ်လိုလူမှန်းမသိ"

တိတ်စိတ်စွာထိုင်နေသောဦးမင်းမှာ ထိုစကားကိုကြား၍  နှုတ်ခမ်းကိုတွန့်လိုက်ကာ

"ဘာလဲ ကိုယ်ကလေးက သ၀န်တိုနေတာလား"

"ဘာတွေလာ​ေ​ပြာနေတာ  အ့မိန်းက ခများကိုကြိုက်နေတာသိလား"

"သိတယ်လေ ဘာဖြစ်လို့လည်း"

"အော်  အွန်းပါ..."

ထိုစကားကိုပြောပြီးကြာသူရိန်မှာခနသာငြိမ်သက်သွားသည်။ ဦးမင်းမြတ်မဟာမှာ ပြုံးစိပြုံးစိဖြစ် ကြာသူရိန်အားစိုက်ကြည့်နေသည်။

"ဘာတွေကြည့်နေတာ ကျွန်တော်ချောလို့လား"

"မဟုတ်ဘူး"

"အ့ဆိုလို့ ဘာလို့လာကြည့်နေတာ ကိုယ်ဟာကိုစားစရာရှိတာမစားဘူး"

မျက်စောင်းထိုးကာ ကြာသူရိန်မှာ အစားသောက်ကိုသာအာရုံစိုက်လိုက်၏

"ကောင်လေး မင်းပြီးရင်ဘယ်သွားဖို့ရှိလဲ"

"ဘယ်သွားဘူး အခန်းထဲပြန်အိပ်မှာ"

"ဒါဆို ကိုယ်လဲလိုက်အိပ်မယ်လေ"

"အိပ်ပေါ့့"

"အွန်း  ဒါနဲ့တောင်ကြီးမှာအေးတယ်နော်"

"ဟုတ်တယ် ရေတောင်မကိုင်ရဲဘူး"

"ကိုယ်ညီလည်းအေးလို့  အနွေးဓာတ်ပေးချင်ဘူးလား"

"ဘယ်ကညီလေး"

ကြာ  ရင်ထဲကကြာWhere stories live. Discover now