"နင်စာတွေမပြီးသေးဘူးလား"
"ဟုတ်တယ် မနေ့ကနည်းနည်းပါ"
"ငါမကျေနပ်လို့"
"ဘာကိုလည်း ထက်ဝေကိုလား"
"အွန်း"
"အမလေး သူ့လိုလူက မသိတာကြလို့ စိတ်ဓါတ်ကသိတဲ့အတိုင်း ထားလိုက်ပါ စာသာကြိုးစား"
"ငါပြောထားဦးမယ် ငါ့အနားလာထိုင်ရင် စာကြိုးစားဖို့ ဘာလုပ်ဖို့ ညာလုပ်ဖို့မပြောနဲ့ဟ"
"ပြောမှာပဲ.."
ရောက်တာဖြင့်မကြာသေးဘူးဇာတ်လမ်းကစတာပဲ..။
နေ့လယ်ထမင်းစားဆင်းတော့ ကိုယ့်လမ်းကိုယ်သွားကြတာပဲ၊သူလည်း သူ့လမ်းသူကိုယ်လည်း
ကိုယ့်လည်းကိုယ်ပေါ့။"ဟဲ့ ဝဒီ နင်ဘာလို့ အဲ့ကောင်မနားသွားထိုင်တာလည်း"
"အော်..ထိုင်ချင်လို့ပေါ့"
"ငါတော့ တစ်စက်ကလေးမှကြည့်မရဘူး"
"ငါရောပဲ"
မေဝါ တင်မဟုတ်ဘဲ ဇင်ရွှေကပါလိုက်ထောက်ခံတယ်။
"နင်ပါပျက်စီးလိမ့်မယ်"
"နင်လည်းသိတဲ့အတိုင်းငါတို့ကတစ်ယောက်ကိုကြည့်မရရင် သူ့ရဲ့ဘေးနားကလူတွေကိုပါကြည်တာမဟုတ်ဘူး"
"ဘာလည်း အဲ့တော့ ငါ့ကိုမကြည်ဘူးဆိုတဲ့သဘောလား"
"မဟုတ်ပါဘူးဟယ်"
သက်နှင်းဝဒီအပြောကြောင့် နှစ်ယောက်စလုံးမျက်နှာပျက်သွားသည်မှာသိသာလှသည်။
"ငါသွားစရာရှိသေးလို့သွားပြီ"
နည်းနည်းစိတ်ထစ်သွားတာကြောင့် မြန်မြန်သာထွက်လာလိုက်သည်။ခု လိုက်ရှာနေမိတာက
သော်တာ့ ကိုပင်..။ကျောင်းအပြင်က convenience store ထဲမှာ သူ့ကိုအမှတ်မထင်မြင်ရတော့ သူပဲဖြစ်မယ်အထင်နဲ့ လိုက်သွားလိုက်သည်..။"လာပြန်ပြီ" လို့သာစိတ်ထဲကနေပြောနေမိသည်..မနက်ကတည်းက သူ့ကိုအမြင်ကစောင်းသွားတာ ဘာမှန်းလည်းမသိဘူး ဆရာမကြီးလိုလိုနဲ့ လိုက် check နေတာ စိတ်ကတိုလာရော..။