ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့

Começar do início
                                    

"တစ်ခုခုအရသာရှိတာကိုစားလိုက်ရလို့ ကျေနပ်နေတဲ့ ချီချန်အန်းမျက်နှာကို မြင်‌တာ ငါတစ်ယောက်ထဲလားဝေ့...ရွှီလော့ယန်က ရေချိုးပြီးခါစလို့ထင်တာ ငါတစ်ယောက်ထဲပဲလားဟေ့...ငါ့ခေါင်းထဲက ရထားသေးသေးလေးက တဝီဝီအော်ပြီး ဝေးဝေးကိုပြေးနေပြီဟ..."

"စိတ်မပူကြနဲ့ အစာထုတ်လုပ်တဲ့စက်ကြီး စစ်မြေမြင်ကိုရောက်ဖို့ငါးမိနစ်ပဲလိုတော့တယ် နတ်သမီးလေးတွေခုံလေးတွေယူပြီးအစာယူဖို့ ပြင်ထားကြတော့ ဒေါက် ဒေါက် အစာခွက်လေး"

သူ့မှာ နောက်ဆုံးတစ်ခေါက်ကနဲ့မတူ ထိုအဆိုပြုထားတဲ့ဆောင်းပါးကိုပုံစံမျိုးစုံနှင့်မြင်တော့ မသိလိုက်ပါဘဲ weiboကနေထွက်လိုက်သည်။ သို့ပေမယ့် ထိုသို့လုပ်ပြီးခါမှ သူ့ကိုယ်သူ ပြန်မေးလိုက်မိသည်။

"နေပါဦး ငါရေးတာမှမဟုတ်တာ ဘာလို့ငါကအပြစ်ရှိသလိုခံစားနေရတာလဲ"

ချီချန်အန်းထွက်သွားပေမယ့် ရွှီလော့ယန်ရဲ့ဘ၀အရင်အတိုင်း လည်ပတ်နေမြဲပင်။

အလုပ်ဆင်းချိန်ရောက်တိုင်း ချီချန်အန်းအားပို့နေကျစာတစ်စောင်ကို ပို့မိလေ့ရှိသည်။

"အလုပ်ဆင်းပြီ ကျွန်တော် ခင်ဗျားနဲ့ညစာစားဖို့လာနေပြီ"

ထိုစာကြောင်းကို ပို့မိသည့်အခါတိုင်း သူ့မှာသွေးရူးသွေးတန်းဖြင့် ဖျက်ပစ်ရစမြဲပင်။ သူ့မှာတူနှစ်စုံကိုပင် ပြင်ထားတတ်ပြီး နံနက်ခင်းသူ့အိပ်ခန်းထဲမှအပြေးအလွှားလုပ်သည့်ပထမဆုံးအရာက"ချီချန်အန်း"ဟုအော်ခေါ် လိုက်ခြင်းပင်။

ပြီးလျှင် သူ့ဘာသာသူ ထိတ်လန့်မိသွားကာ သူပြန်လာဖို့ဘယ်လောက်လိုသေး‌ ကြောင်းသူ့ကိုယ်သူ ပြန်မေးနေမိသည်။

ချီချန်အန်း နိုင်ငံခြားရောက်‌နေကြောင်းကို သူသတိရသွားတိုင်း စက္ကန့်အနည်းငယ်လောက် တောင့်တင်းသွားရစမြဲသာ။

ဖုန်းပြောနေချိန်တွင် ကျန်းသုန့်က ချီချန်အန်းကိုမေးတာကိုကြားသည်နှင့် သူရဲ့မသိစိတ်က အလိုလို ပိတ်ထားတဲ့အိပ်ခန်းတံခါးကိုကြည့်လိုက်မိပြီး စက္ကန်အနည်းငယ်ကြာတော့မှ ပြန်စကားခေါ်မိသည်။

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Onde histórias criam vida. Descubra agora