Chapter 1 - ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲက ထွက်သွား

4.4K 216 17
                                    

လင်းယန်ရန် weibo ကို ဖွင့်လိုက်သည်နှင့် တတိယမြောက်ရှာဖွေမှုအများဆုံးအကြောင်းအရာခေါင်းစဉ်မှာ
"Yanran Get out of the entertainment circle" ဖြစ်နေသည်။

ရေပန်းအစားဆုံး Weibo ပို့စ်များသည် ဖိုရမ်ပို့စ်များနှင့် မာကတ်တင်းတစ်ခုမှ screenshot ပုံများပါသည့် မှတ်ချက်များပင်ဖြစ်သည်။

[ဒီအမှိုက်အပိုင်းအစလို ယန်ရန်က Super Idol ထဲက‌နေ ထွက်သွားပေးနိုင်မလား။သူက လွယ်လွယ်နဲ့ အဆင့်လျှော့ချတတ်တယ်]

ဒီဇာတ်လမ်းတွဲကို အပိုင်းသုံးပိုင်းလောက် ထုတ်လွှင့်ပြီးပြီဆိုတော့ သူ့ကိုမြင်တာနဲ့ စိတ်ဆိုးလာကြသည်။

[ စီးပွားရေးစွမ်းရည်ညံ့နေရင်တောင် အဆင်ပြေနိုင်ပေမယ့် အချိန်တိုင်းလိုလို ရွှမ်းရိဟန်အပေါ် အမှတ်မြင့်မြင့် မပေးတာကတော့ သူ့အပေါ် မနာလိုပြီး တမင်သက်သက် ဆန့်ကျင်နေတာများဖြစ်နိုင်မလား။အရင်ကလည်း ဒီအစီအစဉ်ကို လာသွားဖူးတဲ့အဆိုတော်တစ်ယောက်ကိုတောင် အမှိုက်ဆိုပြီးလို့ ပြောသံကြားဖူးတယ်။ဒီလိုစရိုက်မျိုးနဲ့သာဆိုရင် မင်းက လူမုန်းများဖို့ ထိုက်တန်တယ် ]

[ရွှမ်းရိဟန်ကို မသင်္ကာဘူး။သူက သူ့ကိုယ်သူ လူကြိုက်များ နာမည်ကြီးဖို့အတွက်နဲ့ ကင်မရာကိုအခွင့်ကောင်းယူပြီး ဟန်ဆောင်ပြနေသလိုပဲ ]

[ထွက်သွား၊ ဒီအမှိုက်ကို မမြင်ချင်တော့ဘူး]

[ကိုယ့်ဘာာသာဒရမ်မာတွေချိုးပြီး စိတ်ဆိုးနေတာပေါ့ ....ဟုတ်လား။ ]

[ သူ့ကိုယ်သူ ဒရမ်မာခင်းနေတာကိုကြည့်နေမြင်နေရတာ အဆင်ပြေမနေဘူး ]

[ပရိုဂရမ်အဖွဲ့၊ မင်း ယန်ရန့်နေရာကို အစားမထိုးရင် ငါ မင်းတို့တစ်ဖွဲ့လုံးကို အထင်သေးမိတော့မယ်]

[ ဟန်ဟန်အတွက် စိတ်မကောင်းဘူး။ယန်ရန် အမှိုက်လိုကောင် ]

[ ယန်ရန် ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲက ထွက်သွား]

[ယန်ရန် ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲမှ ထွက်သွား + 1 ]

ဤတိုင်ကြားချက်သည် လူအများကြားတွင် သိသိသာသာကို ပဲ့တင်ထပ်နေပေသည်။နာရီအနည်းငယ်အတွင်းမှာပင် ဒါဇင်နှင့်ချီသော မာကင်တင်းအကောင့်များက ၎င်းကို ပြန်လည်ပို့စ်တင်ခဲ့ပြီး အချို့သော ရှိုးပရိသတ်များနှင့် black fan များ,အတူတကွပူးပေါင်းကာ အားဝင်ဖြည့်ခဲ့ကြသဖြင့် ယန်ရန့်ကို trending hot search ထဲရောက်အောင် တိုက်ရိုက်တွန်းပို့လိုက်ကြသလိုဖြစ်သွားခဲ့သည်။

 အတုအယောင်လူငယ်ဆရာကြီးအဖြစ်ကူးပြောင်းလာပြီးနောက်လူကြိုက်များကျော်ကြားလာခဲ့တယ် BLWhere stories live. Discover now