"အကိုလေးရာချီ ဘာတွေတွေးနေတာလဲ "

သာလှမေးနေပေမယ့် ထန်းပင်ကြီးကိုမော့ကြည့်ပြီး ငါးနီတူခြောက်လေးကိုလည်း
ကိုင်ထားလျှက် အတွေးတစ်ခု၌ စီးမြောနေသည်။

"အကိုလေး တစ်ခုခုကို အလိုမကျနေတာလားဗျ "

"သာလှ "

"ဗျ"

"ဒီရွာမှာ အချောဆုံးက ဘယ်သူလဲ "

"အချောဆုံးက နှင်းရည်နဲ့ မစံပယ်ဘဲရှိတာလေ "

"ယောင်္ကျားတွေကိုပြောတာကွ "

"ကျွန်တော်သိသလောက်တော့ အကိုလေးပုံတိုင်းကတကယ်ချောတာဗျ "

ကြားလိုက်ရတဲ့ အဖြေက စိတ်တိုင်းမကျစရာဘဲ။ငါ့ညီလုပ်နေပြီး ဘယ်တော့မှ မြှောက်စားလုပ်မယ်ဆိုတာကိုမရှိဘူး

"အဟွတ် သူပြီးရင်ရောဘယ်သူချောလဲ "

ဒီတခါတော့ ငါဘဲရှိတော့သည် ဒါကြောင့်စိတ်တိုင်းကျတဲ့အဖြေတော့ထွက်လာမှာဘဲ။

"အကိုလေးကျန်စစ်က ချောတယ်ဗျ "

"ဘာ !!"

"မေးလို့ဖြေလိုက်တာပါဗျာ "

"ဒါဆို ကျန်စစ်ပြီးရင်ရော "

"ကြည်နူး ကချောတယ်လေ "

"ကြည်နူးပြီးရင်ရော "

"ကိုဆင့်ဟန်ကလည်းချောတယ်ထင်တယ် "

"ဆင့်ဟန် ပြီးရင်ရော "

"အကိုလေးရာ ဘာလို့မေးနေတာလဲ ကျွန်တော်လဲမသိတော့ဘူးလေ "

ခွမ်း !!!!(လင်ဗန်းနှင့်တီးသံ)

"အာ့ အကိုလေး!!"

"ငါစောက်ခွက်ကို သေချာကြည့်စမ်း "

ရိုက်ခံရတဲ့ခေါင်းကို ကိုင်ပြီးဘဲ သေချာလေးကြည့်ပေးလိုက်၏ ။ဘာမှတော့သိပ်မထူးဘဲ။

"ကြည့်တယ်လေ"

"ဘာထူးလဲ ငါ့မျက်နှာမှာ"

"မျက်ခုံးဘေးက ဝက်ခြံပေါက်နေတယ် "

"ဘာကွ!!သေချာကြည့် "

"မျက်လုံးပြူးနေတာ "

"သာလှ!!!"

"ဗျ!!"

"ငါစောက်ခွက်ကိုသေချာကြည့်လို့ "

သာလှ၏ ချောတယ်လို့မကြားမချင်းမေးနေမည့်ပုံ။

သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)Where stories live. Discover now