"အင်း"

အင်းတစ်လုံးသာ ပြောလိုက်ပေမယ့် ရှောင်းကျန့်စိတ်ထဲတွင် တအားပျော်နေသည်။ ရိပေါ်က သူ့ကို အသေးစိတ်ကလေးကအစ ဂရုစိုက်ပေးတာကြောင့် သူကျေနပ်ရသည်။

သွားတိုက် အဝတ်အစားလဲပြီး ရှောင်းကျန့်ကို အောက်ထပ် ထမင်းစားခန်းထဲသို့ပွေ့ချီလာသောရိပေါ်။ ဒါကိုမြင်တဲ့ ရှောင်းမားကတော့ သောက်နေတဲ့ကော်ဖီသီးသွားရသည်

"အဟွတ်! အဟွတ်! သားငယ်ရယ် ရိပေါ်လေးကိုဘာလုပ်တာလဲ ကိုယ့်ဘာသာဆင်းမလျှောက်ပဲနဲ့"

ရိပေါ်က

"မဟုတ်ဘူးအန်တီရေ ရှောင်းကျန့်ခြေထောက်က အရမ်းနာနေလို့လေ လမ်းလျှောက်မရလို့ ကျွန်တော်ပွေ့ချီလာတာ"

ဆိုကာ ရှောင်းကျန့်ကို စားပွဲခုံပေါ်ချပေးတော့ ရှောင်းမားက ရုပ်ကလေးပြီတီတီဖြင့်

"အော် မင်းတို့နဲ့လေ တကယ်ပဲ ပိုလွန်းကြပါတယ်"

"ချစ်တာကိုအန်တီရယ် နော့် အချစ်ကလေး"

ရှောင်းကျန့် ခပ်တည်တည်ဖြင့် ရိပေါ်ကိုမျက်စောင်းထိုးလိုက်သည်

"အပိုတွေ လုပ်မနေနဲ့ စားစရာရှိတာစား"

"အင်းပါ ဟုတ်ပါပြီ"

ရိပေါ် ကော်ဖီသောက်နေတော့ စားပွဲပေါ်တင်ထားတဲ့ရိပေါ်ရဲ့ဖုန်းမှ ဖုန်းcallတစ်ခုဝင်လာသည်။

~တီး....တီး...တီး..~

ရှောင်းကျန့် ဘာရယ်မဟုတ် ဖုန်းကိုအကြည့်ရောက်သွားမိတော့ ဖုန်းcallလေးက ဝမ်ချင်တဲ့ ။ ရှောင်းကျန့် ရုတ်တရတ် ရင်ထဲမှာနာကျင်သလိုခံစားလိုက်ရသည်။ သို့သော် မသိသာအောင်နေကာ ကော်ဖီဆက်သောက်နေသည် ။ရိပေါ် ဖုန်းကိုကိုင်လိုက်ပြီး

"Hello "

"Hello ရိပေါ်  ကျွန်မကိုတစ်ခုလောက်ကူညီပေးပါလား"

"အင်း ပြောလေ ကိုယ်ဘာလုပ်ပေးရမလဲ"

"ကျွန်မကားက ဒီမှာဘာဖြစ်သွားလဲမသိဘူး လမ်းလယ်ခေါင်မှာ စက်ရပ်သွားတာ ဒီနားက လူအရမ်းပြတ်နေလို့ ကြောက်လို့ ရှင်လာပေးလို့ရမလား"

"ရတယ်လေ ကိုယ်အခုလာခဲ့မယ် ကိုယ့်ကို location ပို့ပေးလိုက် အခုထွက်လာပြီ"

🌸More Than Friends(သူငယ်ချင်းထက်ပိုသော)🌸[Complete]Where stories live. Discover now