"အင်း ရိပေါ်"

ရှောင်းကျန့် ကမန်းကတန်းထကာ ပြင်ဆင်ရတော့သည် ။

.................................................................................

ရှောင်းကျန့်နဲ့ရိပေါ် ကျောင်းခန်းထဲသို့အပြေးဝင်လာသည် ။ ကျောင်းခန်းထဲရောက်တော့ ဆရာကဝင်လာတာကြောင့် ရိပေါ် ဘာလုပ်ရမှန်းမသိ ဖြစ်နေသည် ။ ဆရာက

"မဂ်လာပါကျောင်းသားတို့"

"မဂ်လာပါဆရာ"

"ဟုတ်ပြီ မနေ့ကပေးလိုက်တဲ့စာတွေလာထပ်ပါ ကိုယ့် code နံပါတ် ကိုယ်ေ-သချာရေးပေးပါ"

ဆရာ့ရဲ့စကားကြောင့် ရိပေါ်ခေါင်းတွေထူပူနေသည်။ ဒါကြောင့် ရှောင်းကျန့်ကိုလှည့်ကြည့်ကာ

"ရှောင်းကျန့် ငါဘယ်လိုလုပ်ရမလဲ ငါသာအပြစ်ပေးခံရရင် အရှက်တွေကွဲမှာ တကယ်ပါပဲကွာ ကွင်းပြင်ကြီးမှာ"

"မင်းဘာမှမဖြစ်စေရဘူး စိတ်ချရိပေါ်"

ဆိုကာ သူရေးထားတဲ့အိမ်စာရဲ့ စာရွှက်ထိတ်မှာ သူ့ရဲ့ code နံပါတ်အစား ရိပေါ်ရဲ့ Code နံပါတ်ကိုရေးလိုက်ပြီး ဆရာ့ဆီကိုသွားထပ်လိုက်သည်။ ရိပေါ်ကတော့ ဒါကိုမသိပေ ။ သူအရှက်ကွဲတော့မည်ကိုတွေးနေပြီး ဇောချွေးတွေပြန်နေသည်။

အဘယ်ကြောင့်ဆိုသော် ထိုဘာသာရပ်ဆရာက အပြစ်ပေးကြမ်းသည်မို့ပင် ။ သူအပြစ်ပေးတာကိုခံရတဲ့ကျောင်းသားက တစ်ပတ်လောက်ကို ကျောင်းမတက်နိုင်ပဲ ဖျားသွားကြတဲ့အထိ‌ပေ။ ဒါကို ကျောင်းရဲ့kingဖြစ်တဲ့ရိပေါ်ကသာ အပြစ်ပေးခံရရင် တစ်ကျောင်းလုံးမှာ ပြောစရာတွေဖြစ်ပြီး သူအရှက်ကွဲတော့မှာပင်

ဆရာက စာရွှက်တွေမှ code တွေကိုဖတ်ပြကာ လက်ထောင်ခိုင်းသည် ။

"1042"

"ရှိပါတယ်ဆရာ"

"1059"

"ရှိပါတယ်ဆရာ"

ရိပေါ် ရှောင်းကျန့်ကိုလှည့်ကြည့်တော့ ခေါင်းလေးငုံ့နေကာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်ထားသည်

"ရှောင်းကျန့် မင်းအဆင်ပြေရဲ့လား"

"ဟင်? အင်း အဆင်ပြေပါတယ်"

🌸More Than Friends(သူငယ်ချင်းထက်ပိုသော)🌸[Complete]Where stories live. Discover now