"ချီဧကရာဇ်ဂျွန်ရဲ့ မိဖုရားခေါင်တဲ့...သူနဲ့အထိုက်တန်ဆုံးသောနေရာကိုရသွားခဲ့တာပဲ...အဲဒီနေရာက သူ့ကိုစောင့်နေခဲ့သလိုမျိုး၊ အရှင်ဂျွန်ရဲ့နှလုံးသားက သူ့ကိုစောင့်နေခဲ့သလိုမျိုးလေ..."

သူ့စကားအဆုံး ထိုင်နေရာမှဝုန်းကနဲထရပ်လိုက်သောအရှင်ဂျီမင်း။သူ့ကိုကျောခိုင်းကာ...

"ဒီအကြောင်းတွေပြောဖို့လာတာဆိုရင် မင်းရဲ့နန်းဆောင်ကိုပြန်လိုက်တော့နမ်ရာ...အငယ်တော်ရဲ့အချစ်ကိုလိမ်လည်လှည့်ဖြားပြီး ရယူခဲ့မိလို့နောင်တရတာမျိုးလဲမရှိခဲ့သလို အငယ်တော်ကိုလဲ ဘယ်တော့မှ ကိုယ်တော့်နှလုံးသားထဲကနေထုတ်မှာမဟုတ်ဘူး..."

နမ်ရာလဲထိုင်နေရာမှထလိုက်သည်။
အရာရာကို တည်ငြိမ်အေးဆေးစွာလုပ်ဆောင်လေ့ရှိသောအရှင်ဂျီမင်းက ထယ်ယောင်းနဲ့ပတ်သက်လာလျှင်ထိုကဲ့သို့ ဝုန်းဒိုင်းကျဲတတ်တာမျိုးကို နမ်ရာမကြိုက်ရိုးအမှန်။

"တစ်ချိန်တုန်းက သူငယ်ချင်းဖြစ်ခဲ့ဖူးလို့ မင်းအပေါ် ကိုယ်တော်သက်ညှာနေတာနော် နမ်ရာ... ကိုယ်တော်ကအရင်ကလို မင်းရဲ့သူငယ်ချင်းမဟုတ်တော့ဘူး... မင်းလက်ဆက်ထားတဲ့ စုန့်ပြည်ရဲ့ဘုရင်တစ်ပါးဆိုတာသတိရပေးပါ...မင်းမှာ ကိုယ်တော့်ခွင့်ပြုချက်မရှိဘဲ ကိုယ်တော့်ကိုဘာမှပြောဆိုခွင့်မရှိဘူး..."

ဂျီမင်းရဲ့စကားကြောင့် နမ်ရာခံပြင်းစိတ်နဲ့လက်သီးကိုတင်းနေအောင်ဆုပ်လိုက်မိသည်။

သူကိုယ်တိုင်ကရော ဘုရင့်မိဖုရားဆိုတဲ့နေရာကို လိုလိုလားလားရယူချင်ခဲ့တယ်ထင်နေတာလား။ သူ့အနေနဲ့ အရှင့်သူငယ်ချင်းကောင်းအဖြစ်သာ တစ်သက်စာရှိချင်ခဲ့တာ။ မလွှဲမရှောင်သာလို့တာ အရှင်နဲ့လက်ဆက်ခဲ့ရပေမယ့် အရှင်ဂျီမင်းအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာဟာ သူငယ်ချင်းတစ်ယောက်ထက်ပိုမလာပါ။

"အရှင်စိတ်ဆိုးချင်ရင်လဲဆိုးပါ...သူငယ်ချင်းမဟုတ်တော့လို့ ပြောဆိုပိုင်ခွင့်မရှိတော့ဘူးဆိုရင်တောင် အရှင်မင်းကြီးရဲ့ဇနီးသည်အနေနဲ့တော့ ဒီစကားတွေကိုပြောသင့်ရင် ပြောရမှာပဲ..."

The Love Sleeping Under The Moonlight Onde histórias criam vida. Descubra agora