Part (19) Uni/Zawgyi

Start from the beginning
                                    

တွယ်တာ Share ထားတဲ့ Caption ကခေါင်းထဲမှာအစီအရီပြန်ပေါ်လာ၍ ရန်ကြီးတစ်ယောက် ပိတောက်ပင်ကြီးအောက်သို့ခပ်သွက်သွက်လျှောက်သွားလိုက်တော့သည်။

"ဟာ...ဟေ့ကောင်...ဟိုဘက်ကအခိုင်ကပိုကြီးတာကွ ဖယ်စမ်းပါ ငါခူးမယ်"

"ဝါးလုံးကြီးကလေးတယ်ကွ မင်းပြောတဲ့အခိုင်ကြီးငါမှမမှီတာ "

"မင်းတို့ကလည်း အပင်ပေါ်တက်ခူးလိုက်ရင်ပြီးနေတာကို ဖယ်ကြ ငါတက်မယ်"

ချာတိတ်ကလေး၃ယောက် ပိတောက်ပန်းခူးရင်စကားများနေလျှက် တစ်ယောက်ကသစ်ပင်ပေါ်တက်ဖို့ဝတ်ထားတဲ့ပုဆိုးကိုစလွယ်သိုင်းနေသည်။

"ဟေ့...ကလေးတွေ ဖယ်ကြ ကိုကြီးခူးပေးမယ်"

ရန်ကြီးက ကားသော့ကိုဘောင်းဘီအိတ်ထောင်ထဲထိုးထည့်ကာ ကလေးတစ်ယောက်ဆီကဝါးလုံးကိုသူကယူလိုက်သည်။

"ဦးလေး ကျွန်တော်ပြမယ်ဟိုမှာမြင်လားအဲ့ဒီနားကအခိုင်ကြီးခူးပေးနော်"

ချာတိတ်တစ်ယောက်ကလက်ဆွဲပြီး ဦးလေးလို့ခေါ်ကာ ပိတောက်ခိုင်အကြီးကြီးကိုလက်ညှိုးပြသည်။

ရန်ကြီးလည်း ပန်းကခူးပေးရဦးမယ် ဦးလေးလို့ကလည်းအခေါ်ခံရသေးတယ်ဆိုတော့မျက်မှောင်ကုပ်သွားရသည်။

"အေးပါကွ မင်းတို့ကိုအရင်ခူးပေးမှာပါ "

ရန်ကြီးလည်းထိုကလေးပြောတဲ့အခိုင်ကို ဝါးလုံးဖြင့်ထိုးချခူးပေးလိုက်တော့ ကလေးကပျော်သွားသည်။ ဝါးလုံးထိပ်ကပိတောက်ခိုင်ကြီးကိုဖြုတ်ယူပြီး သူ့သူငယ်ချင်း၂ယောက်ကိုစောင့်နေ၏။

ရန်ကြီးလည်း ကျန်တဲ့ကလေး၂ယောက်ကိုပါ တစ်ယောက်တစ်ခိုင်ခူးပေးနေတုန်း

"ဟယ်....ငါ့တူ ကလေးတွေကိုပန်းခူးပေးနေတာလား အန်တီ့ကိုလည်းတစ်ခိုင်လောက် "

ရန်ကြီးရဲ့အောက်ထပ်အခန်းမှာနေတဲ့အဒေါ်ကြီးကပါ စျေးကပြန်လာရင်း လမ်းကြုံခူးခိုင်းနေသည်။

"ဗျာ...ဟုတ်..ခဏလေးနော်..ဒီကလေးတွေအရင်ပေးလိုက်ဦးမယ်"

"ရတယ်...ရတယ် ငါ့တူ "

The Challenge of Love (OC)Where stories live. Discover now