ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့

Start from the beginning
                                    

ရွှီလော့ယန်က စိတ်ပါလက်ပါခေါင်းညိတ်ပြလိုက်ပေမယ့် စိတ်ထဲမှာတော့သက်ပြင်းချလိုက်မိသည်။

အိုက်ယား...ပြိုင်ပွဲ၀င်သူချီချန်အန်းကတော့ နောက်တစ်ကြိမ် ထပ်ပြီး 'စကားလှလှလေးတွေကိုအလေးအနက်ပြောပြီးဘယ်လိုအရူးလုပ်ရမလဲဆိုတဲ့နည်းလမ်း'ကိုပြသွားပြန်ပြီ...။

ဒါပေမဲ့ ဒီနှစ်ရဲ့အကောင်းဆုံးအခန်းဖော်ဖြစ်တဲ့ သူက သူ့မိတ်ဆွေကိုဆက်ပြီးတော့ ထောက်ခံပေးဖို့တွေးလိုက်ပါတယ်တဲ့ခဗျ...။

ဆန်ပြုတ်ကပူနေသေးသည်။ရွှီလော့ယန်ရဲ့ဘယ်လက်ကဇွန်းကိုကိုင်ကာ ညာလက်ကတူကိုကိုင်ထားသည်။

သူကစားဖို့အတော်လေးပြင်ဆင်ထားကာ"ခင်ဗျားအတွက်  သစ်သီးနဲ့ဂျုံယာဂု ဆန်ပြုတ်ကို၀ယ်လာတယ် ပန်းသီးမပါဘူး သစ်တော်သီးပဲပါတယ် ကျွန်တော်အတွက်ကတော့ ကြက်သားနဲ့အသီးအရွက်ဆန်ပြုတ် ခင်ဗျား သစ်သီးယာဂုနဲ့ဟာမစားချင်ရင် ကျွန်တော်နဲ့လဲလို့ရတယ်"

"မဟုတ်တာ သစ်သီးယာဂုနဲ့ဟာကလည်းအရသာရှိပါတယ်"

စက္ကန့်ပိုင်းလောက် ရပ်သွားပြီးတော့မှ ချီချန်အန်းကရုတ်တရတ်ကြီး ထပြောလေသည်။

"ကိုယ်ကအရမ်းဂျီးများတယ်လို့......မင်းထင်လား"

"အဆင်ပြေပါတယ် ဘာပဲဖြစ်ဖြစ် လူတိုင်း သူတို့အစားအသောက်ကို လွတ်လပ်စွာရွှေးချယ်ခွင့်ရှိပါတယ်"

ရွှီလော့ယန်ပြောပြီးမှ ရုတ်တရတ်တစ်ခုခုကိုသတိရသွားကာ"ကျွန်တော် ငယ်ငယ်တုန်းကမုန်လာဥနီမစားချင်တဲ့ အကြောင်းပြချက်ကိုပြောတော့ ကျွန်တော်ပြောတာကိုနားထောင်ပြီး ကျွန်တော် မိဘတွေကအဓိပ္ပာယ်ရှိတယ်လို့ထင်သွားတယ်လေ အဲ့ဒါနဲ့ ကျွန်တော်တို့မိသားစုက [မုန်လာဥနီမစားခြင်းဥပဒေ]ကိုပြဠာန်းခဲ့တယ်လေ"

"[မုန်လာဥနီမစားခြင်းဥပဒေ]တဲ့လား"

ချီချန်အန်းရဲ့လေသံထဲသူကိုယ်တိုင်ပင်သတိမထားမိဘဲ မနာလိုသည့် အရိပ်အယောင်များပါ၀င်နေ၏။

"မင်းတို့မိသားစုကအတော်လေးစိတ်၀င်စားဖို့ကောင်းတာပဲ"

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Where stories live. Discover now