ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့

383 59 1
                                    

“ချင်းချောင်”

“ဟင်...”

ရွှီလော့ယန်က မသိလိုက်ဘာသာနှင့်မော့ကြည့်လိုက်မိသည်။

“အားကျန့်...”

သူ့ပါးစပ်မှထိုနာမည်ထွက်သွားသည့်အခါမှ ချီချန်အန်းမှာ မည်သည့်အချိန်၊မည်သည့်နေရာ၌မဆို အချင်းချင်းကြုံရာကျပန်း သရုပ်ဆောင်တမ်းသည့်စိတ်အခြေအနေသို့ ပြန်ရောက်သွားကြောင်း ရွှီလော့ယန်သဘောပေါက်သွားရသည်။ တစ်ဖက်လူ၏မျက်လုံးများမှာ အင်မတန်နက်ရှိုင်းလွန်းလှသည့်အတွက် စက္ကန့်ပိုင်းအတွင်း၌ပင် သူက သရုပ်ဆောင်သည့်အထဲမျောပါသွားရသည်။

_____

နေရောင်ခြည်က ခဲပြားများအားထောင့်တန်းဖြတ်ကာထားသည့် သစ်သားပြတင်းပေါက်အတွင်း ဖြာကျနေပြီး အခန်းထဲမှ နွေးထွေးမှုအား ပြုံးရိပ်ထင်ဟပ်စေလေသည်။ ထိုင်ခုံပုလေးအပေါ်၌ တစ်ဝက်မျှသာအချောသပ်ရသေးသည့် သစ်သားတစ်ခုရှိနေ၏။

သူက 'ချင်းချောင်'ကိုကြည့်ကာ နူးနူးညံ့ညံ့ပြောလိုက်သည်။

"မနေ့က ငါ့မိသားစု ဘယ်သွားကြတာလဲလို့ မင်းမေးခဲ့တယ်မို့လား"

ချင်းချောင်က သူ ရုတ်တရက်ပြောလာဖို့ မမျှော်လင့်ထားမိပေ။ ယခင်က ရွှီကျန့်က မပြောချင်မှန်း သူသတိထားမိသဖြင့် ထပ်မမေးမိခဲ့။ သို့သော် ယခုတစ်ဖက်လူ၏မျက်နှာထားမှတစ်ဆင့် အဖြေမှာ သိပ်မကောင်းလှကြောင်း သဘောပေါက်သွားရသည်။

"အင်း..သူတို့ ဘယ်သွားကြတာလဲ"

ရွှီကျန့်က သူ့ခေါင်းကိုငုံ့ထားသဖြင့်ထွက်‌ပေါ် နေသောလည်ပင်းမှာ ကျိုးကြေလွယ်သည့်ပုံပေါ်က်နေလေ၏။ သူ့မျက်ခုံးများမှာ အရိပ်ထဲတွင် ဖုံးကွယ်ထားကာ သဲသဲကွဲကွဲ မမြင်နိုင်သော်လည်း သူ့အသံထဲရှိ နက်နဲမှုအား လျစ်လျူရှုမထားနိုင်ပေ။

"သူတို့အားလုံး သေသွားကြပြီ"

ချင်းချောင်မှာ ရုတ်တရက် အေးခဲသွားသည်။ သူက အဖြေပေါင်းသန်းများစွာကို စိတ်ကူးယဉ်ခဲ့သော်လည်း ဤအရာဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ 

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Where stories live. Discover now