အပိုင်း ၁၄

Start from the beginning
                                    

မင်းကြီးလဲ သူ့သခင်လေးကိုစိတ်ပူနေတဲ့ ကလေးမလေးကိုကြည့်ကာ
သဘောတွေကျနေ၏။ ကြားထဲမှာရှောင်ကျန့်ကတော့ မင်းကြီးကိုအားနာနေမိသည်။

မင်းကြီး / အဟားဟား မင်းကအတော်သွက်တာပဲ
ကောင်းပါပြီ ယူသွားပြီးစစ်ဆေးလိုက်ပါ အခုလိုကြင်ယာတော်အပေါ် ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်

ရှောင်ကျန့် / တောင်းပန်ပါတယ် အရှင်..
ယွဲ့ယယ်က ငယ်သေးတော့ တချို့ကိစ္စတွေမှာ...

မင်းကြီး / မလိုပါဘူး ကိုယ်တော် သဘောကျပါတယ် ရှောင်အပေါ်
အတော်လေး ဂရုတစိုက်ရှိပေးတယ်မဟုတ်လား

ရှောင်ကျန့် /  အဟင်းး သူကငယ်ငယ်လေးထဲက
ရှောင်အိမ်တော်မှာကြီးပြင်းလာရတာလေ ကျွန်တော်မျိုးအပေါ်
အတော်လေး သံယောဇဉ်ရှိရှာတဲ့ကလေးမပေါ့

မင်းကြီး /  ဒါကြောင့်ထင်ပါတယ်
ရှောင် ရင်သွေးလေးမွေးပေးပြီးရင်တော့
မိဖုရားရာထူးကိုချီးမြှင့်ရင်း သူကိုပါ အပျိုတော်ထိန်းအဖြစ်ခန့်အပ်ရမယ်

ရှောင်ကျန့် / ကျေးဇူးကြီးလှပါတယ်အရှင်
အော်...ဒါနဲ့ အရှင် ည ညအိပ်မပျော်တာကို
သမားတော်တွေနဲ့ မပြကြည့်ဘူးလား

မင်း​ကြီး / အော် အဲ့ကိစ္စ စိတ်ပူစရာမရှိပါဘူး သမားတော်ပြဖို့အထိ မလိုလောက်လို့လေ
ကြင်ယာတော်ရှင်း ဆက်သထားတဲ့ ညအိပ်မီးအိမ်မွေးနံ့သာရှန်က နှစ်သက်စရာကောင်းလွန်းလို့ပါ ဒီနံ့သာကိုရှူရှိက်ပြီးရင် အိပ်မပျော်လဲ အင်အားတွေပြည့်ဝနေသလိုပဲ

ရှောင်ကျန့်လဲ ကြင်ယာတော်ရှင်းဆိုတာနဲ့ အနည်းငယ်စိတ်ပူသွားကာ

ရှောင်ကျန့် / အရှင် အဲ့ဒီနံ့သာမှုန့်တွေကို အရမ်းမသုံးဖို့ အကြံပြုပါရစေ

မင်းကြီး / ရှောင်စိတ်မပူပါနဲ့
ကြင်ယာတော်ရှင်းက
ကိုယ်တော့်ကို
ထိခိုက်အောင်လုပ်မဲ့သူမျိုး
မဟုတ်ပါဘူး

ရှောင်ကျန်လဲ သိပ်တော့စိတ်မချပေမဲ့ မင်းကြီးက ယုံကြည့်နေတာမို့
ဘာမှဆက်မပြောတော့ပေ

မင်းကြီးလဲ ကြင်ယာတော်ရှောင်နဲ့ ညစာစားပြီး နန်း​ေဆာင်ကို ပြန်ရောက်တော့

အဆိပ် အဆိပ္Where stories live. Discover now