"ယောင်းစံ မိုးလင်းသွားပြီ ပြန်တော့လေ"
"မန်နေဂျာ ကျွန်တော်ဘယ်လို..."
မူးဝေနေတဲ့ခေါင်းကို ဖိညစ်ကာ ဘာတွေဖြစ်ခဲ့လဲစဉ်းစားနေမိသည်။တဖြည်းဖြည်းချင်းပေါ်လာတဲ့ ပုံရိပ်ကြောင့် ပါးစပ်လေးဟောင်းကာ အံ့ဩနေမိသည်။မနေ့က သူ့ရဲ့ပထမဆုံးလိင်ဆက်ဆံဖူးတဲ့ညပင်။တပြိုင်နက်စဉ်းစားမိတဲ့သူက ဂျိုးကိုပင်။
"ဂျိုး...အာ မစ္စတာဂျိုးက ပြန်သွားပြီလား?"
"ခုနလေးတင်ပြန်သွားတာ"
လူတစ်ယောက်လုံးကို လုပ်ခဲ့ပြီး လျစ်လျူရှုထားတဲ့ဂျိုးကြောင့်ဝမ်းနည်းစိတ်တို့ဝင်လာမိသည်။
"အ့"
မတ်တပ်ထရပ်လိုက်တော့ အောက်ပိုင်းက စူးခနဲနာကျင်မှု။
"ရရဲ့လားယောင်းစံ"
အမှန်တိုင်းပြောရရင် မလှုပ်တောင် မလှုပ်ချင်ဘူး။တအားနာတယ်။
"ကျွန်တော့်ကို ကူတွယ်ပေးလို့ရမလား?"
"လာလာ အင်္ကျီလည်းဆွဲတင်အုံး ဖရိုဖရဲဖြစ်နေပြီ"
မန်နေဂျာက သူ့ကိုဆွဲထူကာ လက်တစ်ဖက်ကို ပုခုံးပေါ်တင်ပြီး ကူပေးသည်။
"အ့...ခဏလောက်....ကျွန်တော်တအားနာနေတယ်"
မနေ့က ဆေးရှိန်ကြောင့် သူဘယ်လောက်ထိ သောင်းကြမ်းခဲ့လဲမသိဘူး။နာလွန်းလို့ သေသာသေချင်သည်။
ခဏကြာတော့ သူ့ရဲ့ခြေလှမ်းတွေက မလှုပ်ရှားတော့ဘဲ သူ့ရဲ့ခန္ဓာကိုယ်က ပျော့ပြောင်းလာပြီး မျက်ဝန်းတွေ လေးလံလာကာ ထိုနေရာမှာ ပုံ့ခနဲမေ့လဲသွားတော့သည်။
.........................................
"အားရှိမယ့်အစားအသောက်တွေစားပေးရမယ်နော်
လူနာကအားမရှိလို့ဖြစ်သွားတာပါ ""ဟုတ်ကဲ့ဆရာ"
"နောက်ပြီး လူငယ်သဘာဝလုပ်ကြရင်လည်း ထိန်းပြီးလုပ်ကြပေါ့ "
"ဟုတ်....ဟုတ်ကဲ့"
........................
ထယ်ယောင်း တစ်ပတ်လောက်အနားယူပြီး Clubပြန်တက်ရသည်။ပထမဆုံး အလုပ်လုပ်တဲ့နေ့မှာ မစ္စတာဂျိုးက ယောင်းစံကိုကလပ်မှာလာတွေ့