1

105 10 0
                                    



သူနဲ့မရင်းနှီးတဲ့ အခန်းထဲမှာ နိုးထလာပြီး ပထမဆုံး ခံစားမိတာက သူ့ရင်ခွင်ထဲမှာ တစ်စုံတစ်ယောက်ရှိနေကြောင်းပင်။ ကိုက်ခဲနေတဲ့ခေါင်းကို လျစ်လျှူရှုရင်း အားတင်းကာ မျက်လုံးဖွင့်မိတော့ ‌ဟိုတယ်ခန်းတစ်ခုရဲ့ အပြင်အဆင်နဲ့အတူ သူ့ရင်ခွင်ထဲမှာ အပေါ်ပိုင်းဗလာနဲ့ရှိနေတဲ့ သူတို့ကျောင်းရဲ့ Table Tennis Team Captainကို မြင်လိုက်ရခြင်းက ခေါင်းထဲမှာ အရေးပေါ်အချက်ပေးသံတွေ ဆူညံစေသည်။

လက်ရှိအခြေအနေကို လိုက်မှီဖို့ ဦးနှောက်ကို အမြန်အလုပ်ပေးကာ memory recallခေါ်ရ၏။ မနေ့ညက သူတို့ sport clubတွေ အကုန်စုပေါင်းပြီး Barမ‌ှာ လူသစ်ကြိုဆိုပွဲလုပ်ခ‌ဲ့ကြတာပင်။ ပုံမှန်ထက် ထိန်းသောက်ပင်မဲ့ သူတို့ဝိုင်းမှာ လူအုံလာတဲ့အချိန် တစ်ယောက်ယောက်ရဲ့ arousal pillပါတဲ့ ခွက်ကို သူမှားသောက်လိုက်ပုံမို့ ကိစ္စဖြေရှင်းဖို့ toiletကို အမြန်သွားခဲ့တာ အဲ့ဒီနောက်..။

အခြေအနေသိပ်မဟန်လို့ တိုက်ခန်းကိုအမြန်ပြန်ဖို့ toiletက အထွက်မှာ တစ်ယောက်ယောက်နဲ့ဝင်တိုက်မိပြီး ။ သူ့ရဲ့နောက်ဆုံး အသိစိတ်မှာ မှတ်မိတာက နူးညံ့အိထွေးတဲ့ နှုတ်ခမ်းလွှာပေါ် သူ့နှုတ်ခမ်းတွေ ထပ်တူကျခဲ့ပြီး တစ်ဖက်လူရဲ့မေးရိုးပေါ်က မှဲ့နက်လေး...။

အခြေအနေကို ရိပ်စားမိသလိုရှိကာ သူတို့နှစ်ယောက်လုံး အပေါ်ပိုင်းဗလာနဲ့အောက်ပိုင်း အဝတ်ကပ်သေးတယ်ဆိုပင်မဲ့ တစ်ဖက်လူကိုယ်ပေါ်မှာရှိနေတဲ့ အမှတ်အသားတွေအရ သူတို့ဘယ်ထိရောက်ခဲ့လည်းဆိုတာ နားလည်လိုက်ပါသည်။

အာရုံမှာကပ်ညိနေတဲ့ ရင်ခွင်ထဲကောင်လေးရဲ့ မှေးရိုးပေါ်က မှဲ့နက်လေးအပေါ် အကြည့်ပို့မိတော့ သူ့ရင်ခုန်သံတွေ အတိုင်းအဆမဲ့။ ဆိုးဆေးကူမထားပဲ သဘာဝအတိုင်း စိုရ‌ဲနေတဲ့ နှုတ်ခမ်းပါးတွေရဲ့ အထိအတွေ့ကို သူအခုထိ ခံစားနေရဆဲပင်။

ဲဖြူဉနေတဲ့ နို့နှစ်ရောင်အသားရောင်ပေါ်မှာ ထင်ဟပ်နေတဲ့ နီညိုညို အမှတ်အသားတွေက သူ့ရဲ့တံဆိပ်ခတ်မှုဆိုတဲ့ အသိက ရင်ထဲမှာ အမျိုးအမည်မသိတဲ့ ခံစားချက်တွေ နေရာယူ၏။

ရွယ်တူယောက်ျားတစ်ယောက်ကို ရင်ခွင်ထဲထည့်ပြီး နိုးထလာတဲ့ မနက်ခင်းမှာ အဲ့ဒီကောင်လေးကိုကြည့်ပြီး သူ့ရင်ခုန်သံ‌ေတွ မူမမှန်ဖြစ်နေတယ်ဆိုတဲ့ အမှန်တရားကို သူ လက်မခံရဲပါ။

RISK & ROMANCEWhere stories live. Discover now