အခန်း(22)

657 40 15
                                    

အသက်​တ​ယောက်​ သမီး​လေး​ပျောက်​သွားတာမလို့ အရမ်းကိုစိတ်​ပူသွားပြီး ညဝတ်​အင်္ကျီနဲ့ပဲ အခန်းပြင်​ထွက်​လာမိ​တော့တယ်

"သမီး​လေး​ရေ ချစ်​သက်​​လေး​ရေ"

အသက်​မှာ အရူးတ​ယောက်​လို hotel​လျှောက်​လမ်းတ​လျှောက်​ ဟိုဖက်​​ပြေးလိုက်​ ဒီဖက်​​ပြေးလိုက်​နဲ့ ဖြစ်​​နေ​တော့တယ်

"ပါးပါး"

"သမီး​လေး"

အသက်​မျက်​ရည်​​တွေနဲ့ အသံကြားရာ​လေးကိုလှည့်​ကြည့်​လိုက်​​တော့ သမီး​လေးက အသက်​ဆီကို ​ပြေးလာ​တော့တယ်​ အသက်​သမီးဆီကိုသွားပြီး ​ပွေ့ဖက်​ရင်း ငိုမိ​တော့တယ်

သူတကယ်​ကို သမီး​လေးကိုအဆုံးရှုံးမခံနိုင်​ဘူး သမီးသာမရှိရင်​ အသက်​ဘဝကဘာမှအဓိပ္ပါယ်​မရှိ​တော့ဘူး သမီး​လေးကသာ အသက်​ဘဝရဲ့ ရှင်​သန်​ရာ​လေး​လေ

"သမီး​လေးရယ်​ ဘယ်​​တွေသွား​နေတာလဲ ပါးပါးဘယ်​​လောက်​စိတ်​ပူသွားလဲ သိရဲ့လား"

"ချစ်​သက်​​လေးကdaddyဆီသွားတာပါ ပါးပါးရဲ့ "

"ဟင်​"

သမီး​လေးစကား​ကြောင့်​ အသက်​အလန့်​တကြား သမီးကိုကြည့်​လိုက်​​တော့ သမီး​လေး​နောက်​မှာရပ်​​နေတဲ့

မောင်

အသက်​ စိတ်​ထဲက​နေတိုးတိုး​လေး​ရေရွတ်​လိုက်​ပြီး သမီးကိုချက်​ခြင်း​ပွေ့ချီလိုက်​မိ​တော့တယ်

"အသက်​"

အသက်​ကို​ခေါ်လိုက်​တာသိပင်​မယ့်​ အသက်​ ​ပြေးထွက်​ဖို့သာကြိုးစားလိုက်​​တော့တယ်​ လှည့်​ထွက်​လိုက်​တဲ့ အသက်​ရဲ့ကိုယ်​​လေးကို ​မောင်​က အလွယ်​တကူပဲ ဖမ်းချုပ်​လိုက်​ပြီး

"ဘယ်​ကိုထွက်​​ပြေးအုံးမလို့လဲ ​မောင့်​အသက်​ရယ်​"

"ငါက မင်းရဲ့အသက်​မဟုတ်​ဘူး"

"ကိုကြီး"

"​တေး သမီး​လေးကို အခန်းထဲ​ခေါ်သွား​ပေး"

အသက်​တို့ရုန်းကန်​​နေတုန်း အနား​ရောက်​လာတဲ့ ​တေးဆီ သမီး​လေးကို​ပေးပြီး အခန်းထဲဝင်​ခိုင်းလိုက်​ရ​တော့တယ်

လေထဲကအိမ်​ Where stories live. Discover now