CHAPTER - 4

171 29 1
                                    

Unicode

Chapter - 4 (အေးစက်နေတဲ့ ခန္ဓာကိုယ် နဲ့ နွေးထွေးသောပွေ့ဖက်မှု)

"ဖန်းရှီ ရဲ့ ဘဝက အမှောင်ထုကြီးဘဲ သူက သူ့ဘဝရဲ့ အနှစ်နှစ်ဆယ်နီးပါး မျက်စိကန်းနေခဲ့တာပါ"

"ဘာ!!"ကျိုးယွဲ့ သည် မတ်တပ်ထထိုင်ကာ အဘိုးအိုကို စေ့စေ့ကြည့်သည်။ "လူအိုကြီး ခင်ဗျား ကျွန်တော့် ကို လာနောက်နေတာ မလား"

"ငါကဘာလို့မင်းကိုနောက်ရမှာဘဲ ဖြစ်ရတာလဲ?ဖန်းရှီ က ကမ္ဘာပျက်ပြီးတော့ တစ်နှစ်နီးပါးအထိ မျက်စိကန်းနေခဲ့တာ။ အဲဒီ့နောက်မှာ ဝိညာဏ်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံတစ်ခုကို ရှာတွေ့ခဲ့တယ်။ အဲဒါကနေ သူ့ရဲ့အမြင်အာရုံကို ပြန်လည်ရရှိခဲ့တယ်။ ပြီးတော့ သူက ကြာပန်းဖြူလေးတစ်ပွင့်ကိုလည်း တွေ့ခဲ့တယ်။ ငါကြားခဲ့တာကတော့ သူကအဲ့အရာကနေပြီး ဒုတိယစွမ်းရည်ကို ရခဲ့တာဘဲ။"

ကျိုးယွဲ့ သည် အလွန်အံ့အားသင့်သွားသည်။ သူသည် ဤ G မြို့အခြေချနေထိုင်ချိန်မှာ သုံးနှစ် သို့မဟုတ် အနည်းငယ်မျှမကြာခင်ကမှ ပြောင်းရွှေ့လာသောကြောင့် ဤဇာတ်လမ်းကို ယခင်က သူ တစ်ခါမျှ မကြားဖူးခဲ့ပေ။

ထိုအချိန်တွင် ဖန်းရှီ သည် နာမည်ကျော်ကြားနေခဲ့ပြီ ဖြစ် သည်။

"ဒါပေမယ့် ဘာလို့ ဒီအကြောင်းကို လူတော်တော်များများ ကမသိကြတာလဲ"

"ဒါက သူ့ရဲ့ရဲဘော်တွေကြားထဲမှာ ကောင်းကောင်း လျှို့ဝှက်ထားတဲ့ လျှို့ဝှက်ချက်မို့လို့.... ဒီလူကြီးက ဒါကို မတော်တဆနဲ့မှားပြီး သိလိုက်တာ။"ဟု သက်ပြင်းတိုလေးချကာပြောသည်။ "ငါ့လိုလူအိုကြီး အသက်ရှင်နေသေးတာ သူ့ကို ကျေးဇူးအများကြီးတင်ရမယ်။"

ကျိုးယွဲ့က ပြန်လှဲချလိုက်ပြီး သူရလာတဲ့ အချက်အလက်အသစ်တွေကို ပြန်စဉ်းစားတယ်။ 'အဲ့ဒီကြာပန်းကိုစားလိုက်ရင် ငါရော အားကောင်းတဲ့ စွမ်းရည် တွေ နိုးထလာလိမ့်မှာလား' သူသည် သူ့အိတ်ကပ်ထဲမှ ကြွက်လေးကို အမှတ်တမဲ့ ဆုပ်ကိုင်လိုက်သည်။ 'အဲ့တာကိုငါစားလို့နိုးထလာရင်တောင်အဲ့တာက စုတ်ပြတ်သတ်နေတဲ့ စွမ်းရည်တစ်ခုဘဲ ဖြစ်လာနိုင်ပါတယ်'

ကမ္ဘာပျက်ကပ်အတွင်းမှာရှင်သန်နေထိုင်ဖို့မိန်းကလေးလိုဝတ်ထားရတယ် Where stories live. Discover now