"ရဲတွေသာ ရောက်လာခဲ့ရင်..." သူတို့တွေက လူသတ်သမားကိုရှာဖို့ အချိန်ဖြုန်းနေမှာမဟုတ်ဘူး။
"မလုပ်ဘူး" ဝမ်ဖုန်းကျင် ပြောလာတယ် "ကိုယ်က သူ့ကို ကောက်လာရုံပဲ" ထို့နောက် သူက အိတ်ကပ်ထဲ လှမ်းနှိုက်ကာ ဝမ်ရှောင်းမျယ်ကို တစ်စုံတစ်ရာ ပြသလာခဲ့တယ်။
အိတ်ဆောင်စာအုပ်လေးတစ်အုပ်ရဲ့ လှန်ပြထားတဲ့စာမျက်နှာတစ်ခုကို ဝမ်ရှောင်းမျယ် အနီးကပ်ကြည့်လိုက်မိတယ်။ ထိုပေါ်မှာ မြင်မကောင်းအောင် စုတ်ချာနေတဲ့လက်ရေးနဲ့ တွန့်ကောက်နေတဲ့စာတစ်ကြောင်းရှိတယ်။
[ လူကောင်းတစ်ယောက် ဖြစ်စေရန် လမ်းညွှန် : ဒဏ်ရာရသူ ကူညီပါ ]
ဒါက ဝမ်ဖုန်းကျင်အတွက် ဝမ်ရှောင်းမျယ်လက်ရေးနဲ့ရေးပေးထားတဲ့ 'ဒုက္ခရောက်နေသူများအား ကူညီပေးရန်လမ်းညွှန်များ' ဖြစ်တယ်။
ဝမ်ရှောင်းမျယ်က သူ့လက်ထဲမှာရှိတဲ့ အိတ်ဆောင်စာအုပ်လေးကို စိုက်ကြည့်နေတုန်းမှာ ဝမ်ဖုန်းကျင်က သူ့မျက်လုံးနဲ့တစ်တန်းတည်းဖြစ်အောင် ဆောင့်ကြောင့်ထိုင်လာတော့ ခါးသက်သက်ဆေးနံ့က နှာခေါင်းထဲ တိုးဝင်လာတယ်။
သူ ပြောလိုက်တာက "ကိုယ် မင်းစကားနားထောင်ပြီး သူ့ကို ကယ်လာတာ"
သူ ဘာစကားမှ မပြောနိုင်တော့ပေမယ့် ဝမ်ရှောင်းမျယ်လည်း ဝမ်ဖုန်းကျင်ရဲ့မျက်နှာသေလေးကိုကြည့်ကာ နတ်ဆိုးလေးရဲ့ခေါင်းကို ပွတ်ပေးချင်မိသွားတယ်။
ထို့နောက် အတွေးအတိုင်းပဲ လုပ်ပေးမိလိုက်တယ်။
ဝမ်ရှောင်းမျယ်က ဝမ်ဖုန်းကျင်ရဲ့ခေါင်းပေါ် လက်တင်ကာ ရှေ့နောက်ပွတ်ပေးလိုက်တယ်။
သူက "Yoshi~ yoshi~ တော်လိုက်တဲ့ကောင်လေး! အင်း!!!" လို့တောင် ပြောလိုက်သေးတယ်။
သူ ဘာလုပ်မိမှန်း သတိပြုမိချိန်မှာ ဝမ်ရှောင်းမျယ်ရဲ့လက်ချောင်းတွေ တောင့်ခဲကုန်တယ်။ သူ ခုလေးတင် ဝမ်ဖုန်းကျင်ကို ခွေးပေါက်လေးတစ်ကောင်လို ဆက်ဆံမိလိုက်တာလား?!!!
ဝမ်ဖုန်းကျင် စိတ်ဆိုးပြီး သူ့လက်ကို ပုတ်ထုတ်လိမ့်မယ်လို့ တွေးမိလိုက်ချိန်မှာပဲ... ဝမ်ဖုန်းကျင် ပြုံးသွားတယ်။
YOU ARE READING
ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]
RandomTitle - I and My Husband Sleep in a Coffin Author - Wu Shui Bu Du [无水不渡] Chapters - 93 chapters (Complete) English Translator - TN4L3 Myanmar Translators - Kay_Wine & Han-Byeol
Chapter 44
Start from the beginning