ထိုလူငယ်သည် နတ်ဆိုးမြို့တော်မှ ဖြစ်သည်။ သူသည် ရွှေနဂါးမင်းသား၏ တူတော်စပ်သည်။ သူ့ကိုယ်သူ အမည်ပေးထားသည်မှာ ဥဒေါင်းမင်းသားဟူ၍ ဖြစ်သည်။ ယုယွီလျန်ကို မြောက်ပင့်ပြောဆိုမှုသည် သူ့အတွက်မဟုတ်ဘဲ ရွှေနဂါးမင်းသားအတွက် ရွှေလမ်းငွေလမ်း ဖောက်ပေးချင်၍ဖြစ်သည်။

     ရွှေနဂါးမင်းသားက ဤနေရာသို့လာပြီး ယုယွီလျန်ကို ကိုယ်တိုင်ကိုယ်ကျ နှုတ်ဆက်ချင်သည်။ သို့သော် အရေးပေါ်ကိစ္စ ပေါ်လာခဲ့၍ ခရီးစဥ်ကို ဖျက်သိမ်းခဲ့ရသည်။ သူ၏ကိုယ်စား ဥဒေါင်းမင်းသားကို စေလွှတ်ပြီး ရင်းနှီးမှုရအောင် ကြိုးစားခိုင်းခဲ့သည်။

     "ရွှေနဂါးမင်းသားက သိပ်သဘောကောင်းတာပဲ၊ ငါ့ကို အရမ်းမြောက်ပင့်လွန်းနေပါပြီ"ယုယွီလျန်က ပြန်ပြောသည်။ သိုသော် စိတ်ထဲတွင်မူ ကျေနပ်နေမိသည်။

     ဝေါ်လုံရွှမ်နှင့် ကျစ်ချူးနင်တို့သည် လွန်စွာ လှပပြီး ဤမျိုးဆက်၏ ထိပ်ဆုံးအလှမယ်စာရင်းထဲ ပါပေသည်။ အမှန်အတိုင်းဆိုရလျှင် ယုယွီလျန်၏အလှသည် ထိုနှစ်ယောက်ကို မယှဥ်နိုင်ပေ။

     သို့သော် အတော်များများက ယုအိမ်တော်၏ မျက်နှာသာကို ရရှိလိုကြ၍ ယုယွီလျန်ကို ထိုနှစ်ယောက်နှင့် တူညီသောအဆင့်တွင် ထားကြသည်။ ယုယွီလျန်ကလည်း ထိုသို့ချီးကျူးခံရတိုင်း များစွာ ကျေနပ်နေမိသည်။

     ထိုနောက် သူမသည် ကြယ်များဝန်းရံထားသည့် လမင်းကဲ့သို့ တစ်ဆယ့်နှစ်ထစ်လှေကားထံ လျှောက်သွားသည်။

     "အစ်ကိုလုံကို ဘယ်သူမှ ယှဉ်လို့မရပါဘူး၊ သူက ဒီမျိုးဆက်ရဲ့ အင်မော်တယ်ဧကရာဇ် ဖြစ်လာလိမ့်မယ်"ယုယွီလျန်က တောင်ပေါ်သို့လှမ်းကြည့်ကာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြောလိုက်သည်။ သူမ၏ စိတ်ခံစားချက်ကို ဖုံးကွယ်ရန် မကြိုးစားခဲ့ချေ။

     ဤနေရာရှိ ကျင့်ကြံသူအားလုံးကလည်း တောင်ထိပ်ရှိ ပုံရိပ်ကို လှမ်းမျှော်ကြည့်လိုက်ကြသည်။ တစ်ဆယ့်တစ်ဆင့်တွင် လူငယ်လေးတစ်ယောက်၏ ပုံရိပ်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရပ်နေသည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးحيث تعيش القصص. اكتشف الآن