~~~

ဆွန်းဟန် ရေချိုးပြီးမှထွက်လာသည်မို့ အနည်းငယ်ကြာသွားသော်လည်း Wonbinဟာအိပ်နေဆဲ။ ခေါင်းလျှော်ထားသည်မို့ ရေစက်လက်ကျနေသောခေါင်းကိုလျစ်လျူရှုကာ တွေ့ရာအင်္ကျီနှင့်ဘောင်းဘီကိုကောက်စွတ်၍အခန်းပြင်ထွက်လာလိုက်သည်။Binn၏အဝတ်အစားများဖြစ်သည်မို့ သူ့ကိုယ်သင်းနံ့စွဲကျန်နေသော အင်္ကျီကအစ ဆွန်းဟန်စိတ်ကိုကြည်လင်သွားစေသည်။

" wtf "

ဆွန်းဟန် နှုတ်မှပင်ရေရွတ်မိသည်အထိ မြင်ကွင်းကအင်မတန်ဆိုးရွားလှပါ၏။ ဧည့်ခန်းတွင် ပြန့်ကြဲနေသော ပုလင်းခွံနှင့်ဘူးခွံများ ၊ ကျွတ်ကျွတ်အိပ်များ ၊ အကြွင်းအကျန်ပန်းကန်များ ၊ ကြမ်းပြင်တွင် ပန်းချီစုတ်တံနှင့်ရေးခြစ်ထားသော ပုံများ။ ဒါဆိုညကဝရန်တာမှာပဲသောက်တာမဟုတ်ဘူးပေါ့။ဘယ်ချိန်ဧည့်ခန်းထဲမှာသောက်ကြသေးတာလဲ။ဝရန်တာမှာသောက်ပြီးတော့ ရေခဲသေတ္တာထဲမှာရှိသမျှအကုန်ပဲမဟုတ်ဘူးလား။

"အား! ပတ်ဝန်းဘင်း၊ဟုန်းဆွန်းဟန် မင်းတို့တော်တော်ကိုအရှုပ်ထုပ်ပဲ ဘယ်လောက်တောင်သောင်းကျန်းထားတာလဲကွာ"

ဆွန်းဟန်ခပ်တိုးတိုးငြီးငြူရင်း ညကရှုပ်ထားသမျှကို ရှင်းရန်ပြင်ရသည်။ မီးဖိုချောင်ဘက်သွားကာအမှိုက်အိတ်ယူပြီး ဝရန်တာကအမှိုက်တိုအမှိုက်စ၊ဘူးခွံ၊ပုလင်းခွံများကိုတစ်ခုချင်းခွဲထည့်ရသည်။ဝရန်တာကအမှိုက်ပုံကိုအကုန်ရှင်းပြီးသွားတော့အိမ်ထဲမှ အမှိုက်ပုံကိုရှင်းရန် အိမ်ထဲဝင်လာစဉ် အပေါ်ပိုင်းဗလာဖြင့် ဧည့်ခန်းထဲမှအမှိုက်ပုံကို အံဩတကြီးကြည့်နေသော Wonbin။ ဆွန်းဟန်အနည်းငယ်ပင်ပြုံးမိသွားသည်။

" ဆွန်းဟန် ဒါက..ဒါကဘယ်လိုဖြစ်သွားတာလဲ "

မယုံနိုင်သောမျက်ဝန်များနှင့်အံ့ဩတကြီးမေးသော Wonbin က သူလည်းညကဘယ်လောက်သောင်းကျန်းထားသည်လည်းဆိုတာမှတ်မိပုံမပေါ် ။

"ကျွန်တော်လည်းမသိဘူးလေဗျာ"

ဆွန်းဟန် လည်းအမှန်တကယ်ပင်မမှတ်မိပါ။ဝရန်တာမှာပင်သောက်ထားသည်ကအမှိုက်အိတ်တစ်ဝက်ကျော်ကျော်ရှိနေပြီ။ဧည့်ခန်းထဲကဟာတွေနဲ့ပေါင်းလိုက်ရင် ဒီမနက်နိုးလာတာကိုပဲကျေးဇူးတင်ရမလိုဖြစ်နေသည်ပင်။

He is MineWhere stories live. Discover now