အပိုင်း 2

472 26 16
                                    

အပိုင်း 2

"Morning မေမေ"

"Morningသားလေး..... လာ... သားအတွက် မေမေ မနက်စာပြင်ပေးထားတယ်"

ကော်ဖီအနံ့သင်းသင်းက နှင်းဆက် စိတ်ကို ကြည်လင်စေသည်။
သူ့အကြိုက် ချောကလက်ကိတ်ကို မနက်တိုင်းမေမေကပြင်ပေးသည်။
နှင်းဆက် မေမေပြင်ပေးသောမနက်စာကိုစားလိုက်ပြီးနောက် မေမေ့အနားကိုသွားပြီး မေမေ့ကို
ဖက်လိုက်သည်။

"မေမေ.....သား ကိုကို့ကိုလွမ်းတယ်...ဒါပေမယ့် ကိုကိုပြန်လာမယ်ဆိုရင်တောင် သားလက်ခံမာမဟုတ်တော့ဘူး"

"သား....သားရဲ့ဖြစ်တည်မှုကို မေမေရော သားရဲ့ဖေဖေရောလက်ခံပေးတယ်....ဒါပေမယ့် အချစ်ကြောင့် သားရဲ့နှလုံးသား နာကျင်ခံစားနေရတာကိုကြည့်ရတာ မေမေစိတ်မကောင်းဘူးသား.....သားလေးကိုပျော်စေချင်တယ်.....ပျော်စေချင်လို့ သားကို သားချစ်တဲ့သူကိုရွေးချယ်စေတယ်...တွဲစေတယ်.....မေမေတို့ သားရဲ့အချစ်ရေးမှာ ဘာမှမစွပ်ဖက်ခဲ့ဘူး...သားပျော်မယ်ထင်လို့"

နှင်းနွယ် သားလေးရဲ့ခေါင်းလေးကိုဖွဖွလေးနမ်းလိုက်သည်။ ထို့နောက် ပြောလက်စ စကားကို ဆက်၍ပြောလိုက်သည်။

"သား....သဘောထားချင်းမတိုက်ဆိုင်လို့ လမ်းခွဲတာပဲဖြစ်ဖြစ် ၊တစ်ဖက်က မချစ်တော့လို့လမ်းခွဲတာဖြစ်ဖြစ်ဘယ်လိုလမ်းခွဲခြင်းဖြစ်နေပါစေ....သားလေး....သားလေးရဲ့နှလုံးသားလေးကို မေမေ မနာကျင်စေချင်ဘူး....သား က မေမေ့ကို ပြောလိမ့်မယ်....ချစ်ရသူနဲ့ပြတ်မှတော့ နှလုံးသားတစ်ခုလုံးကွဲအက်နာကျင်ရတာပေါ့လို့...ချစ်သူနဲ့ပြတ်ပြီး မခံစားရတဲ့သူက တကယ်မချစ်ခဲ့လို့ပဲဖြစ်မာ ဟုတ်တယ်....ဒါပေမယ့် သားလေးက လက်ခံနိုင်ရမယ်၊နားလည်လွယ်ရမယ် သား....သူ ငါ့ကိုမချစ်မှတော့ ငါလက်လွှတ်ပေးလိုက်တာကောင်းပါတယ်ဆိုပြီး.....သားလေးကို မေမေအများကြီးမနာကျင်စေချင်ဘူး....move onလိုက်နော်....တဖြည်းဖြည်းနဲ့သားလေး မေ့နိုင်သွားမာ....သားလေးအတွက် ဖူးစာရှင်ပေါ်ကိုပေါ်လာမာ"

"မွ"

နှင်းဆက် မေမေ့ပါးကိုနမ်းလိုက်သည်။
အမေလို သူငယ်ချင်းလို မောင်နှမလိုပေါင်းလို့ရသည့်မေမေက သူ့အတွက် ရင်ဖွင့်ဖော်တစ်ယောက်ဆိုလည်းမမှား။ နှင်းဆက် ဝမ်းနည်းချိန် မေမေ့ရင်ခွင်မှာအားရပါးရငိုလို့ရသည်။
10ကျော်သက်အချိန် အချစ်ကြောင့် ခံစားခဲ့ရတုန်းကလည်း မေမေကသူ့အားနှစ်သိမ့်ပေးသည်။
မေမေရှိလို့သာ အချစ်ကြောင့်ခံစားရတာတွေကို ကုစားနိုင်ခဲ့တာဖြစ်သည်။

ကိုကြီး သားကို တကယ်ချစ်ရင် သားလက်ပေါ် လိပ်ပြာလေးလာနားပါ(Completed) Where stories live. Discover now