ဘာမှမဖြစ်သွားသည့်အ​ခြေအ​နေမျိုး။

"​ဝေ့....ဝိန်းရွှမ်းကျန့်"

စန်းရန်က ဝိန်းရိဖန်အား ​လှမ်းကြည့်ပြီး ​ခြောက်ကပ်ကပ်နိုင်လှသည့်အသံတို့ဖြင့် ;

"မင်း အခု​လေးတင် ကိုယ့်ကိုနမ်းသွားတယ်"

"....."

ကြည့်ရသည်မှာ အချိန်ပြည့်သွားခဲ့ပုံရပြီး ဝိန်းရိဖန် မတ်တပ်ထရပ်၍အိပ်ခန်းဆီသို့ ​လျှောက်သွားခဲ့သည်။

အခုလေးကလို စာအုပ်စင်နှင့်ထပ်တိုက်မိမည်ကိုစိုးရိမ်၍ စန်းရန်လည်း မတ်တပ်ထရပ်လိုက်၏။ သူ့စကားသံတို့မှာ သူမနိုးသွားမည်ကိုစိုးရိမ်​နေသည့်အလား တိုးဖျငြင်သာ​နေခဲ့၍ ;

"ဒါက လူကိုနမ်းပြီး​ ထွက်​ပြေး​တော့မလို့လား"

ဝိန်းရိဖန်က ​နှေး​နှေး​ကွေး​ကွေးသာ​လျှောက်​နေခဲ့ပြီး သူ့အိပ်ခန်းနားမှဖြတ်သွားခါနီးတွင်​တော့ တစ်ခဏပြန်ရပ်သွားခဲ့သည်။

"ဒါ​​ပေမယ့် ကိုယ်ဆိုတဲ့လူက​ ဒီအတိုင်း​တော့ အခွင့်အ​ရေးယူမခံနိုင်ဘူး​နော်"

စန်းရန်က နံရံကိုမှီရပ်​နေပြီး သူမ၏လှုပ်ရှားမှုတိုင်းကိုလိုက်ကြည့်​နေရင်း

"မင်း ကိုယ့်ကိုအ​ကြွေးတစ်ခါတင်သွားပြီ"

"....."

ဝိန်းရိဖန် အိပ်ခန်းကြီးဆီသို့​ ဆက်၍လျှောက်လာခဲ့သည်။

မည်သည့်အရာကိုမှ ဝင်မတိုက်နိုင်​တော့​ကြောင်း အ​သေအချာအတည်ပြုပြီးမှသာ ​နောက်မှလိုက်​ကြည့်ပေး​နေသည့် စန်းရန်၏​ခြေလှမ်းများ ရပ်တန့်ပစ်လိုက်၏။ သူ့မျက်ဝန်းများထဲရှိ အဓိပ္ပါယ်မှာ မသဲမကွဲ ၊ ကျန်​နေ​သေးသည့်စကားလုံးတို့ကိုလည်း ​ဖြေး​ဖြေးချင်းဆိုလာခဲ့သည်။

"မင်း နိုးလာတဲ့အချိန်ကျမှပဲ ကိုယ့်ကို ပြန်​ပေး​ပေါ့"

------

အိပ်​ရေးပျက်ထားခြင်း​ကြောင့်လားမသိ ဝိန်းရိဖန်သည် ​နောက်တစ်​နေ့ မနက် ၁၀နာရီဝန်းကျင်မှသာ နှိုးစက်မြည်သံ​ကြောင့် အိပ်ရာနိုးလာခဲ့သည်။ အိပ်မှုန်စုံမွှားဖြင့် နှိုးစက်ကိုပိတ် ၊ အိပ်ရာထဲပြန်လှဲ​နေကာ ​တော်​တော်ကြာပြီးသွားမှ ခက်ခက်ခဲခဲထထိုင်လိုက်သည်။

First Frost [ ဘာသာပြန် ]Donde viven las historias. Descúbrelo ahora