အခန်း(21)

Start from the beginning
                                    

အသက်​သတိပြန်​ရလာတဲ့အချိန်​မှာ ​ဆေးရုံတခု​ပေါ်မှာ အသက်​ဘာမှသတိမရ​တော့ပဲ အသက်​သတိရတာ​တွေက ညီငယ်​​လေး​ပြောခဲ့တဲ့အ​ကြောင်းအရာ​တွေနဲ့ ညီငယ်​​လေး နာမည်​​တွေပဲ​လေ အဲဒါ​ကြောင့်​ အသက်​ကိုယ်​တိုင်​ ကိုယ့်​ကိုယ်​ကို အသက်​ထက်​ဆုံး ​ကျောင်းဆရာ​လေးလို့ ထင်​ခဲ့ပီး ရှမ်းရွာ​လေးမှာ ​ဆေးရုံဆင်းတာနဲ့ စာသွားသင်​ဖြစ်​ခဲ့တာ​လေ အဲ​နေ့က ​သေဆုံးသွားတဲ့ညီငယ်​​လေးကို​တော့ အသက်​ထက်​မြတ်​နိုး ဆိုတဲ့ နာမည်​နဲ့ ​သေစာရင်းသွင်းခဲ့မိတာ​ပေါ့

(ဒီနား​လေးကို နားလည်​ရဲ့လားမသိဘူး spring​ရေးတာ ရှုပ်​သွားရင်​ sorryပါ​နော်​)

ညီ​လေးဆီက​နောက်​ဆုံး ရခဲ့တဲ့ keychain​လေးကိုကြည့်​ရင်း အသက်​ သက်​ပြင်းကိုချလိုက်​မိ​တော့တယ်​ ​မောင့်​ကိုမျက်​နှာချင်းဆိုင်​​တွေ့ရ​တော့မယ်​ အသက်​ရဲ့​နေရက်​​တွေအတွက်​ အသက်​ကြိုပြင်​ဆင်​ထားရ​တော့မှာပဲ

ညက​တော်​​တော်​နဲ့ အိပ်​မ​ပျော်​တာမလို့ မနက်​​တော်​​တော်​​နောက်​ကျပြီးမှ အသက်​နိုးလာ​တော့တယ်​ အိပ်​ရာကို စမ်းကြည့်​လိုက်​​တော့ သမီးကို မ​တွေ့တာမလို့ အသက်​အလန့်​တကြား မျက်​လုံးဖွင့်​ကြည့်​လိုက်​မိ​တော့တယ်

"သမီး သမီး​လေး ချစ်​သက်​​လေး​ရေ"

ချစ်​သက်​​လေး မနက်​အိပ်​ရာနိုးလာ​တော့ ချစ်​သက်​ရဲ့ ပါးပါးက ​ဘေးမှာ အိပ်​​နေတယ်​​လေ ပါးပါးကအများကြီးပင်​ပန်းလို့လားမသိဘူး ချစ်​သက်​​လေးက ပါးပါး ပါးပါးလို့​ခေါ်တာကို​တောင်​ နိုးမလာဘူး

ချစ်​သက်​​လေးက ဗိုက်​အရမ်းကို ဆာ​နေပင်​မယ်​ ပါးပါးကို ​ခေါ်လို့မရလို့ ဦးဦးတို့ဆီသွားဖို့ ချစ်​သက်​​လေး ကုတင်​​ပေါ်က​နေဆင်းလိုက်​​တော့တယ်​ ကုတင်​က အမြင့်​ကြီးမလို့ ချစ်​သက်​​လေး မနည်း ကို ဖင်​​လေးကုန်းပြီး ဆင်းရတာ ပက်​လက်​လန်​​လေး ​အောက်​ကိုပြုတ်​ကျ​တော့ ချစ်​သက်​​လေး လန့်​သွားတာပဲ ဒါပင်​မယ့်​ပါးပါး နိုးသွားမှာစိုးလို့ ချစ်​သက်​​လေးက ငိုပါဘူး​နော်

လေထဲကအိမ်​ Where stories live. Discover now