''ကိုယ်မချစ်တတ်ဘူး''

''သားကတော့ ချစ်တတ်တယ် ။နောက်ပြီးချစ်စရာလည်းကောင်းတယ်လေ အဲ့တာကြောင့်သားကို နည်းနည်းလောက်ပြန်ချစ်ကြည့်ပါလားဟင်''

''ကိုယ်မင်းကိုသဘောကျနေတာပဲလေ အတူတူပဲ မဟုတ်ဘူးလား''

''ဟင့်အင်း မတူပါဘူး ။ကိုကိုကလေ ဝန်မခံချင်နေတာပါ သားကို ကိုကိုချစ်နေ....''

''တော်တော့! မင်းသက်သာပြီဆို ငြိမ်ငြိမ်ထိုင်နေ ကိုယ်အလုပ်ပြန်လုပ်တော့မယ်''

အဟောက်ခံလိုက်ရတော့ ဝမ်းနည်းသည့်စိတ်လေးပေါ်လာပေမဲ့ မြူကစကားနားထောင်ပြီးပဲ ငြိမ်ငြိမ်လေးနေပေးနေပါသည်။ ကိုကိုကဝန်ခံရမှာရှက်နေတယ်လို့ပဲ မြူတွေးထားလိုက်၏။ ဖြေးဖြေးချင်းပဲ ကိုကို့၏နှလုံးသားကိုမြူဒေါင်းအပိုင်သိမ်းပါမည်။

တီ.....တီ.....တီ....

ကိုကိုအလုပ်လုပ်နေတာကို ဆိုဖာပေါ်ကနေအသာလေးငေးကြည့်နေတုန်း မြူ့ဖုန်းကအသံထမြည်တော့ ကိုကိုကလှည့်ကြည့်လာသည်မို့မြူလည်း ရှက်သွားရသည်။

''ဟယ်လို မေမေ''

''သား...မေမေပါ''

''ဟုတ် မေမေပြောလေ''

''သားအခုအိမ်မှာလား''

''ဟုတ်ဘူး မေမေ။သားကအခု ကိုကိုရဲ့ compnayမှာပါ''

သားဖြစ်သူရဲ့စကားကြားတော့ ချိုမှာအံ့သြသွားမိသည်။ အကို့သားကသူမရဲ့သားကို မျက်မုန်းကြိုးနေခဲ့တာဘဲမဟုတ်ဘူးလား။ သားကိုများအလုပ်ထိခေါ်ပြီးအနိုင်ကျင့်နေမလားဆိုတဲ့ စိုးရိမ်စိတ်ကဝင်လာတော့ သူမတော်တော်လေးရင်ပူသွားရ၏။

''သားကိုကိုက သားကိုအနိုင်ကျင့်နေလား သားရယ်''

''မဟုတ်ပါဘူး မေမေ။ကိုကိုက သားပျင်းနေတယ်ပြောလို့ခေါ်လာပေးတာပါ''

''သား...မေမေအခု လေဆိပ်မှာ''

''ဗျာ! မေမေက ဘယ်လိုလုပ်လေဆိပ်ရောက်နေတာလဲဟင်''

''မေ့သားလေးကို လွမ်းလွန်းလို့ ပြန်လာတာပေါ့ကွယ်''

''ဟာ...အဲ့ဆိုမေမေကခုမြန်မာပြည်ပြန်ရောကိနေတာလား''

𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }Onde as histórias ganham vida. Descobre agora